Main » 2014 » February » 06
အချစ်ဖြစ်တည်မှု
နိဒါန်းအစ ကို
အချစ်သုတေသီတစ်ဦးက
ဤသို့ဖွင့်ဆိုဖူးသည် ။

ဖိုနှင့်မသည် ...
နာလည်မှုကြောင့်ဖြစ်စေ
အခြေအနေပေးမှုကြောင့်ဖြစ်စေ ...
ရင်းနည်းမှုကြောင့်ဖြစ်စေ ...
အချစ်တစ်ခုကိုဖြစ်ပေါ်ခံစားတတ်သည်တဲ့ လေ .....
Category: ကိုယ်တိုင်ရေးကဗျာ | Views: 142 | Added by: မျိုးကျော်သူ | Date: 2014-02-06 | Comments (0)

ချစ်သူရေ ...
အလှမ်းကွာဝေနေတဲ့
အဖေါ်မဲ့တဲ့ ရက်တွေမှာ
အလွမ်းကဗျာလေးတွေ သီဖွဲ့လို့
ကာရံမဲ သံစဉ်တွေနဲ့
မျှော်လင့်ခြင်းသီချင်းတစ်ပုဒ်
တိတ်တိတ်လေးဆိုညည်းနေပါမယ် ...
(မင်းကို)
မတွေ့ရ မမြင်ရတဲ့ ရက်တွေမှာ
အထီကျန်ခြင်းကိုအဖေါ်ပြုလို့
တမ်းတမှုကိုမြတ်နိုးမိရင်း
စောင့်မျှော်ရတဲ့ နေ့ရက်တွေဟာ
ရှည်လျှားလွန်းလှပါတယ် ...
တကယ်လို့များ
(မင်းက ) မငဲ့ကွက်
အပြစ်ဖွဲ့လို့ရက်စက်ခဲ့မယ် ဆိုရင် လည်း
ဝမ်းနည်းခြင်းများကို သိမ်းယူ
သောကများကိုပွေ့ဖက်လို့
ထွက်သက်များရဲ့နိဂုံး
(ဟိုးအဝေးကို)
ပြေးပုန်းလို့ နေပါ့မယ် ...

ချစ်သူရယ်
မုသားမပါတဲ့ မေတ္တာတရား
ရိုးသားတဲ့ နှလုံးသားတစ်စုံ
ဖြူစင်တဲ့ သံယောစဉ်တွေနဲ့
ဟန်ဆောင်ခြင်းကင်းမဲ့စွာ
(မင်းကို)
လေးနက်စွာ ချစ်ခဲ့ရသူပါ
အရာရာမှာ
မာယာအပြုံး
အတုအယောင် စကားလုံးတွေ မသုံးပဲ
ခပ်ဝေးဝေးက ငေးမောခွင့်လေး
တစ်ခုထဲ(တည်း)နဲ့
(မင်းကို)
မြတ်နိုးစွာ တယ်တာ မိသူပါ
(ဒါပေမဲ့)
နှလုံးသားက အမှားအမှန် မခွဲခြားပဲ
အသွားအပြန်ဆိုတဲ့
မေတ္တာတရားရဲ့ နိယာမလေးကိုပဲ
စွဲမြဲစွာ ဆုတ်ကိုင်ရင်း
(မင်းကို)
မျှော်လင့်စွာ ချစ်နေရသူပါ ...

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။


မောင်စိန်ဝင်း(ပုတီးကုန်း)

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။


မောင်စိန်ဝင်း(ပုတီးကုန်း)

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။


မောင်စိန်ဝင်း(ပုတီးကုန်း)


ပန်းပွင့်ကို ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ထုံနံ့သာ ငုံကာဖူးခါမှ
လက်ဦးသူ... ချိုး။

အသီးကို ကျွန်တော်မင်
အပင်ကို ကျွန်တော်ပျိုး
သီးကင်းငုံ ပေါ်ကာထွက်ခါမှ
လက်ဦးသူ... ခိုး။

ပန်းအလှ ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့
ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်
အချိုပင် ကျွန်တော်ပျိုး
သီးချိန်တန် တမာများလို
ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်
ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု
ကံနည်းသူ ကျွန်တော်မို့
တော်သလိုပွင့်
သင့်သလိုဖူး
လက်ဦးသူချိုးချိုး
မြတ်နိုးသူ ပန်ပန်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်
ရင်ထိတ်တကား။


မောင်စိန်ဝင်း(ပုတီးကုန်း)

ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ

ချစ်သူအဆောင်နံ့ သာတောကို
မျှော်မောကာရွှေရင်ထိတ်ပါလို့
တိတ်တိတ်ကလေးလာ။

တကယ်တွေ့ရင်တော့
ဘယ်နေ့မှာဘယ်လိုလွမ်း
ဘယ်လမ်းမှာဘယ်လိုစောင့်
ဘယ်ထောင့်မှာဘယ်လိုမျှောလို့
ဘယ်လိုနော်ရင်ခုန်ခန်းကို
ပြောစမ်းမယ်စိတ်ကူးနဲ့
ကြည်နူးသလိုရင်မှာဖြစ်ပါရဲ့
မောင့်အချစ်မိသည်းညှာ
လာစဉ်ကမောင့်အတွေး။

တွေ့မလားရယ်နဲ့
နေ့ခြားမောင်လာရဲ့
အဆောင်မှာသူ့ကိုမတွေ့လေဘု
သည်နေ့ဆိုရှိတန်ကောင်းပါရဲ့
ခေါင်းမော့ကာကြည့်ဆဲမှာပေါ့
မိသည်းညှာမောင့်အချစ်က
ဧည့်သစ်တွေ အလျှိုလျှိုနဲ့
ခွန်းနှုတ်ချိုပျော်ဟန်ဖွဲ့လေတော့
လာခဲ့သူမောင့်အမှားပါပဲ
တံခါးအဆောင်ဝဆီက
နောင်တ အတန်တန်နဲ့
အိမ်အပြန်ကံ့ကော်လမ်းမှာ
ကံ့ကော်ပန်းမောင်မမင်တော့
ခြံအ၀င်စံပယ်နံ့က
သင်းပျံ့လို့မွှေး...။


မောင်စိန်ဝင်း (ပုတီးကုန်း)

ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ...။

အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ ...။

ပျားရည်တစ်စက်နင့်
ဝမ်းပျက်စေခဲ့သူ ...။

တကယ့်တကယ် တွယ်တာသနား
လားလားမဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ
မုတ်သုံမ၀င် မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ရာသီဆိုးထဲက
ယာယီမိုးကလေး တစ်ခုပါပဲ...။

 
မောင်စိန်ဝင်း (ပုတီးကုန်း)

ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။


မောင်စိန်ဝင်း(ပုတီးကုန်း)


တစ်သက်မဝေးအောင်လို့
ငှက်ကလေးတွေ အစာကျွေး
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။

မွေးနေ့ဆို ဘုရားတက်
ရေသက်စေ့ ဘုရားလှူ
မီးပူဇော် ပန်းတွေကပ်
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။

တကယ်ပေါင်းဖို့ကျတော့
တပေါင်းမှာလည်းမထူး
တန်ခူးမှာလည်းမဖြစ်
တစ်နှစ်က တစ်နှစ်လက်ကမ်း
ချစ်သက်တမ်းရှည်သမျှ
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်
တစ်အိုးတစ်အိမ်ရယ်လို့တော့
မထူထောင်ဖြစ်။

တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး
စားဝတ်နေရေးကို ဘယ်လောက်ကူ
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုန်း
ကုန်းဈေးနှုန်း အဲဒီပင်လယ်မှာ
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်
သတ္တိကြောင် သောကအတွေးတွေနဲ့
ဝေးကြတဲ့နှစ်။


မောင်စိန်ဝင်း (ပုတီးကုန်း)

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။

ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…။


မောင်စိန်ဝင်း (ပုတီးကုန်း)

အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်
အပေါ်မျက်နှာ၊ ဆီငွေြ့ဖာတင်း
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်
နေ့ရက်များစွာ၊ အနာဂတ်လေ
မရေရာလည်း၊ ၀မ်းမနည်းသေး
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ
ကာလလေးတွေ။

အင်းလျားရတနာ၊ မာလာသီရိ
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်
စိတ်စက်မငြိမ်၊ ပါလာချိန်တို့
ညှို့ယူဖမ်းစား၊ ညနေများစွာ
"မြနန္ဒာ”...
ဂီတာ တယော၊ လွမ်းမောနွဲ့လျ
မြို့မတေးသွား၊ စည်းဝါးသံစဉ်
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား
ညများအသင်္ချေ။

ကျန်ခဲ့ပြီလေ
ဖိတ်စင်ကြေမွ၊ ပြန်မရတော့
ညများနေ့များ၊ စားဝတ်နေမှု
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို
တစ်ခါရောက်တယ် သူငယ်ချင်း...။


မောင်စိန်ဝင်း (ပုတီးကုန်း)

ခြင်္သေ့ဆိုတာ၊ တောဘုရင်မို့
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်
ခြင်္သေ့ဟန်ဖြင့်၊ တ၀င့်ဝင့်မို့
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။

ခွေးဆိုလည်းခွေး
အယ်လ်ဇေးရှင်း၊ အင်းခွေး၊ ဗမာခွေး
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်တယ်။

ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့
ဇစ်မြစ်မမှန်၊ လည်ဆံမဖွာ
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့
သတ္တိ သစ္စာ ဘယ်အရာမှစံမ၀င်
သဏ္ဍာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့...)
ခွေးဘ၀လောက်ဂုဏ်မရှိ။


မောင်စိန်ဝင်း(ပုတီးကုန်း)

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။


မောင်စိန်ဝင်း (ပုတီးကုန်း)

 ပြိုမယောင်
ဟိုတောင်က မိုး….. ။

လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။

မောင်စိန်ဝင်း (ပုတီးကုန်း)

သရက်ကင်းတွေလည်း
မြက်ခင်းမှာ ကြွေပြီခင်။

နွေလေပူ တစ်ချက်သုတ်လေတော့
အရွက်ပြုတ်သရက်ပင်။

ချစ်သူမေ့ပြီလား
ငယ်ဓလေ့ အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ ။

သရက်ကင်းနဲ့မှ
ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့
နေ့တိုင်းပင် ဘိုစာမက်ပါလို့

အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့
မောင့်သရက် သူမမင်
မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလည်း
အချစ်ရယ်----------
မေ့လောက်ပြီပေါ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။

မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်

မောင်စိန်ဝင်း (ပုတီးကုန်း)

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)ကဗျာများ

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...

မောင်စိန်ဝင်း (ပုတီးကုန်း)


ဝေး

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
... Read more »

တွယ်တာလှပေမယ့်

ကွယ်ရာကပဲ ချစ်တော့မယ်။


အဆင်ခက်လေတော့

မကြင်ရက်တယ် သခင်ဆိုမလား

ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

စိတ်ညစ်တယ်ကွယ်။


သံယောဇဉ် ခွေကာရစ်ပေမယ့်

ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

ချစ်တတ်သူ အမူလုပ်ပါလို.

မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

ရင်တွင်းမှာ မကြည်မွေ.လေတော့

... Read more »

 ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)

ပြိုမယောင်
ဟိုတောင်က မိုး….. ။

လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။

မောင်စိန်ဝင်း (ပုတီးကုန်း)

 တစ်ပင်ထဲ (တည်း)၊
ရင်ထဲကနွယ်။
ခက်ညွန့်သန် နုသစ်လို့၊
ရစ်ပတ်နှောင်တွယ်။
သံယောဇဉ်ဆိုတာရယ်၊
နွယ်ကလေးတစ်ပင်ပေါ့။
ရာသီတွေ ဘယ်လိုပြောင်းပေမယ့်၊
ခေါင်းထောင်လို့ကြော့။ ။
မောင်စိန်ဝင်း ( ပုတီးကုန်း )

တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။
မခေါ်သာအတွေ့ခက်၊
နေ့ရက်တာရှည် … ။
ပွင့်သစ်တို့ တဝေဝေ၊
ပွင့်ကြွေတို့ တဖွေးဖွေး … ။
အသက်တမျှချစ်ပါရဲ့၊
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊
အမှတ်တရကွယ် ခြေရာချန်သလား၊
ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊
မရေရာပြန် တစေ့စေ့တွေးတော့မှ၊
(အချစ်ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

မလာ လိုလျှင် မခေါ်တော့ ဘူး ...
ကွယ်ယာမှာပဲ နေမှာပါ ...
မခေါ်လိုလျှင် မလာတော့ဘူး
မျှော်လင့်လျှက် ရှင်သန်မယ် ..
 ထားရစ်ခဲ့လျှင် မလိုက်တော့ဘူး
ဒဏ်ရာတွေနဲ့
အမြဲ ရပ်တည်မယ် ....

Nwel
သံယောဇဉ်နွယ် တစ်စကို
 မျှဝေကာ တွယ်ငင်ပစ်ချင်ရဲ့
 ချစ်ဦးသူ ခင် ...
ရင် မှာ ပူလောင်သမျှကို
တဖွဖွနဲ့စကားဆို
ချစ်သူ ကိုပြော မယ်ကြံလည်း
အဖန်ဖန်သာ ရင်မှာ သိမ်းလို
ထိန်းခဲ့ရတဲ့ကိုယ်
 အို ကွယ်...
 ဖွင့်ပြောမယ် တစ်နေနေ့မှာ ပေါ့...
လွမ်းသမျှကို မှန်းစကာ အဝေးမှ ကိုယ်...

ငယ်ရွယ် ၊ လွတ်လပ်
အကန့်သတ်မဲ့ စိတ်ကူးနဲ့
ငါ့ရဲ့  အိမ်မက်ထဲမှာ
"ကမ္ဘာကြီးကိုပြောင်းပစ်မယ်...
အသက်လေး ရလာ
ပညာဆိုတာ နည်းနည်း သိ
ပြန်ကြည့်လိုက်တော့မှ
"ကမ္ဘာကြီး ဟာ  ကမ္ဘာကြီး ပါပဲ ..
အိမ်မက်ကို ဈေးဆစ်
ငါချစ်တဲ့ါငါ့တိုင်ပြည်
တစ်ခုခုဖြစ်ရမည့်ပေါ့
သည်တစ်ခါလည်
"တိုင်ပြည် ဟာ တိုင်ပြည်ပါပဲ ..
ဘ၀ရဲ့ ဆည်းဆာချိန်
အိမ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သမီးသားတွက်
ပေးဆပ်ဖို့ ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
"မိသားစုဟာ ဒီအတိုင်းပါပဲ "
သေရာညောင်စောင်း
လဲလျှောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
"ငါဟာ ငါပဲ ၊ ဘာမှ မပြောင်းလဲ ...."

Mine
အင်္ကျီ ကောင်းကောင်း ၀တ်သူက
အင်္ကျီ ကောင်းကောင်း ၀တ်သူကို ကြည့်တယ်..
ဘောင်းဘီကောင်းကောင်းဝတ်သူက
ဘောင်းဘီးကောင်းကောင်းဝတ်သူကို ကြည့်တယ်...
အိတ်ကောင်းကောင်းလွယ်သူက
အိတ်ကောင်းကောင်းလွယ်သူကို ကြည့်တယ်..
ထီးကောင်းကောင်းဆောင်းသူက
ထီးကောင်းကောင်းဆောင်းသူကို ကြည့်တယ်..
ဖိနပ်ကောင်းကောင်းစီးသူက
ဖိနပ်ကောင်းကောင်းစီးသူကို ကြည့်တယ်...
အင်္ကျီ အစုပ်
ဘောင်းဘီ အစုပ်
အိတ်အစုပ်
ထီးအစုပ်
ဖိနပ် အစုပ် စီးပြီး
ကျွန်တော် အိမ်အပြင်ထွက်ခဲ့တယ်....
ကျွန်တော် က လူကြည့်ခံချင်တယ် လေ...
ဟင် ....ကျွန်တော့် ကိုဘယ်သူမှ မကြည့်ကြပါလား ..
ဟေ့ .... Texi

Sample Love
ခြေတစ်လှမ်းနောက်ကျရုံနဲ့ 
ဘယ်လောက်ထိကြေကွဲဝမ်းနည်းရဦးမှာလဲ
ဒုတိယနေရာကငါ့အတွက်
သုခဆိုတာလား
အချိန်တစ်ခုအတွက်အစားထိုးခံရခြင်းမျိုးလား
ငါ့ချစ်ခြင်းတွေနင့်အတွက်
ဘယ်လောက်ပဲနားလည်ပါစေ
အချိန်တန်တော့လည်းအတိတ်နေ့ ရက်တွေနဲ့ 
ကျေနပ်နှစ်သိမ့်နိုင်သူပါ
ဆုံးဖြတ်ရခက်နေပြီလား ကို..
အချစ်ကိုယဲုံမိတဲ့ငါဟာ
နောက်ဆုံးမှာကျန်ခဲ့ရမှာပါ
နောက်ဆုတ်ပေးဖို့ သေချာနေတာတောင်
မျှော်လင့်ခြင်းအလင်းမှိန်အောက်မှာ
အချိန်တစ်ခုကိုရပ်စောင့်မိနေတုန်း
မရတော့ရင်လည်းနေ
တွေ့ ခွင့်တွေဝေးရရင်လည်းနေ
ထာဝရဆိုင်ခွင့်တွေဆုံးရရင်လည်းနေ
ခဏတာခိုဝင်ဖူးတဲ့ရင်ခွင်ကို
လွမ်းမိတဲ့အ ခါ . . . . . . . . ရိုးသားစွာချစ်ရခြင်းမျိုးကိုတော့
ပိုင်ဆိုင်ပါရစေ. . . .

ယောက်ျားတန်မဲ့
ကျလာခဲ့တဲ့ မျက်ရည်တွကို
ခက်မြန်မြန် သုပ်ချလိုက်တယ်။
တောက်တစ်ချက်
ခက်ပြင်းပြင်းခေါက်လိုက်ပြီး
စိတ်ထဲကနေ တိုးတိုးလေးပြောလိုက်တယ်။
ယောက်ျားတစ်ယောက်ရဲ
ခံယူချက်နဲ့ အိပ်မက်တွေကို
ရိုက်ချိုးခဲ့တဲ့ မိန်းမတစ်ယောက်အတွက်
ငါဆီမှာရှိတဲ့ စကားတစ်ခွန်းက
ငါ...
သူ့ကို အရမ်းမုန်းတယ်။


(တချိန်က ချစ်သူဆီသို့)
မျိုးကျော်သူ

Do Not Mach
အသဲကွဲသွားတာ မဟုတ်ပါဘူး
နည်းနည်းလေးပဲ အပ်သွားတာပါ။
တစိမ့်စိမ့်နဲ့ နာကျင်နေမယ်ဆိုတာသိတယ်။
အရမ်းချစ်ခဲ့တာပဲ ကို...
ဒါပေမယ့်လဲ
ရှိပါစေတော့။
ပေါင်းစပ်လို့ မရတဲ့ ဘ၀နှစ်ခု
ဒီအတိုင်းပဲ ထားရတော့မယ်။
လမ်းတွေ့ရင်တောင်
မခေါ်ပါနဲ့တော့
ဟန်ဆောင်အပြုံးတွေ မရှိခဲ့ပေမယ့်
ရန်ဆောင်ဦးမယ့် ချစ်သူအတွက်
အပြန်တရာမုန်းအောင်
ချစ်ခဲ့တယ်။။။။။
ယုံပါလို့တော့
မပြောတော့ဘူး ။
အမှတ်တရရှိနေပေမယ့်
သတိတရရှိဖို့လည်းမကြိုးစားတော့ဘူး ။
ချစ်တတ်တယ်
လွမ်းတတ်တယ်။
နောက်ဆုံးတော့ ငါ
မုန်းတတ်ခဲ့တယ်။။
ဘာပဲ ပြောပြော
ကျေးဇူးတင်ပါတယ် ချစ်ခဲ့ရသူ။

(ချစ်ခဲ့ဖူးသူအတွက်)
မျိုးကျော်သူ

မချည်ပဲ ရင်ထဲ ငြိတွယ်
အသိမယ် သူဝင်ပျိုး
ရင်၌ ချည်သော ကြိုး

တိတ်တခိုးပေမို့
စိတ်တခိုးတွေ စေ
အရိပ်မိုးဆွေ ချစ်သူနားကို
နေ့ရှိသရွေ့ သွားချင်နေ
မချွေပဲ ကြွေတဲ့ပန်း ချစ်သူနမ်းရင် လန်းစေသား။

ကိုယ်မအားလေတော့
ပြိုမလား မေ လပြည့်ဝန်းက
အေး ရိပ် စွာ ထာဝရ ပေးသည်မို့
တွေးထိတ်ကာ ဗျာပါ ဆွေးရတယ်
ဝေးခဲ့သည့် ချိန်.။

သူမခူးရင်လည်း
ရည်စူးကာ မျှော်ကာပွင့်တာမို့
လေပြင်းတွေ စေ
လေပြေတွေ ဆင့်
ရွက်ရင့်ဆွေ ကြွေကာကူးလည်း
ကိုင်းဖူးမှာ ဆိုင်းမြူးဝေဆာ
သူ့အတွက်သာ.ကိုယ့်သစ္စာ
ထာဝရပန်းမို့ လန်းစေသား..။

လူစိုး

 အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့"သ”လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
"ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

"မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာတင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။

ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်...

သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။
(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
.......။

ရဲသင်ရန် (ထူးအိမ်သင်)
၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း