Main » 2014 » February » 06 » No
2:09 PM
No
Do Not Mach
အသဲကွဲသွားတာ မဟုတ်ပါဘူး
နည်းနည်းလေးပဲ အပ်သွားတာပါ။
တစိမ့်စိမ့်နဲ့ နာကျင်နေမယ်ဆိုတာသိတယ်။
အရမ်းချစ်ခဲ့တာပဲ ကို...
ဒါပေမယ့်လဲ
ရှိပါစေတော့။
ပေါင်းစပ်လို့ မရတဲ့ ဘ၀နှစ်ခု
ဒီအတိုင်းပဲ ထားရတော့မယ်။
လမ်းတွေ့ရင်တောင်
မခေါ်ပါနဲ့တော့
ဟန်ဆောင်အပြုံးတွေ မရှိခဲ့ပေမယ့်
ရန်ဆောင်ဦးမယ့် ချစ်သူအတွက်
အပြန်တရာမုန်းအောင်
ချစ်ခဲ့တယ်။။။။။
ယုံပါလို့တော့
မပြောတော့ဘူး ။
အမှတ်တရရှိနေပေမယ့်
သတိတရရှိဖို့လည်းမကြိုးစားတော့ဘူး ။
ချစ်တတ်တယ်
လွမ်းတတ်တယ်။
နောက်ဆုံးတော့ ငါ
မုန်းတတ်ခဲ့တယ်။။
ဘာပဲ ပြောပြော
ကျေးဇူးတင်ပါတယ် ချစ်ခဲ့ရသူ။

(ချစ်ခဲ့ဖူးသူအတွက်)
မျိုးကျော်သူ
Category: ကိုယ်တိုင်ရေးကဗျာ | Views: 163 | Added by: မျိုးကျော်သူ | Tags: ကဗျာ | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: