ONLINE TECHNOLOGY & OBSERVATION
MYO KYAW THU
Main »
2014 » February » 18
 နှစ်ကိုယ်ရင်မှာ အကြင်နာစစ်နဲ့ ရင်လွှာအချစ်ကို မောင့်ထက် ပိုပြီး ချစ်ပါတယ်တဲ့ ကျေးဇူးတင်တယ် ခင်။ မိန်းမကောင်းပန်းပန် တစ်ပွင့်ပန် ပွင့်အံ့ ကျလာတဲ့ သူ့စကား မောင့်အပါးမှ တစ်ဖဝါးမှ မခွာတဲ့ ကျေးဇူးတင်တယ် ခင်။ အိမ်သူအလုပ် မောင်မလုပ်နဲ့ မောင့်အတွက်ပို သမီးလေးကို ပြုစု အချစ်ပို ကျေနပ်စေမယ်တဲ့ ကျေးဇူးတင်တယ် ခင်။ ရင်တွင်းကဗျာ ရေးကာသီကုံး ယောင်ဆံထုံးလို တွဲကူပေးလို့ ကဗျာလှလှ ဖန်တီးကြစို့တဲ့ ကျေးဇူးတင်တယ် ခင်။ စာအုပ်စာပေ လူ့မိတ်ဆွေ မောင့်ရဲ့ စာတွေ ကျွန်မမိတ်ဆွေ ထာဝစဥိမြဲ ကျမ အားပေးတယ်တဲ့ ကျေးဇူးတင်တယ် ခင်။ ဤမြေ ဤကမ္ဘာ ဘဝမရွှေး ကံကြမ္မာရေးမို့ ဇာတာမအေးလည်း မောင်နဲ့ကျမ ဘဝလှလှ တည်ဆောက်ကြမယ်တဲ့ ကျေးဇူး အထူး တင်တယ် ခင်။ စိုးမင်း~အချစ်ချို 26-1-2014
|
|