သမုတယ ကြိုးတွယ် |
အံဝင်ကွင်ကျ မရှိတဲ့ ဘ၀နဲ့ |
![]() နှစ်ကိုယ်ရင်မှာ အကြင်နာစစ်နဲ့ ရင်လွှာအချစ်ကို မောင့်ထက် ပိုပြီး ချစ်ပါတယ်တဲ့ ကျေးဇူးတင်တယ် ခင်။ မိန်းမကောင်းပန်းပန် တစ်ပွင့်ပန် ပွင့်အံ့ ကျလာတဲ့ သူ့စကား မောင့်အပါးမှ တစ်ဖဝါးမှ မခွာတဲ့ ကျေးဇူးတင်တယ် ခင်။ အိမ်သူအလုပ် မောင်မလုပ်နဲ့ မောင့်အတွက်ပို သမီးလေးကို ပြုစု အချစ်ပို ကျေနပ်စေမယ်တဲ့ ကျေးဇူးတင်တယ် ခင်။ ရင်တွင်းကဗျာ ရေးကာသီကုံး ယောင်ဆံထုံးလို တွဲကူပေးလို့ ကဗျာလှလှ ဖန်တီးကြစို့တဲ့ ကျေးဇူးတင်တယ် ခင်။ စာအုပ်စာပေ လူ့မိတ်ဆွေ မောင့်ရဲ့ စာတွေ ကျွန်မမိတ်ဆွေ ထာဝစဥိမြဲ ကျမ အားပေးတယ်တဲ့ ကျေးဇူးတင်တယ် ခင်။ ဤမြေ ဤကမ္ဘာ ဘဝမရွှေး ကံကြမ္မာရေးမို့ ဇာတာမအေးလည်း မောင်နဲ့ကျမ ဘဝလှလှ တည်ဆောက်ကြမယ်တဲ့ ကျေးဇူး အထူး တင်တယ် ခင်။ စိုးမင်း~အချစ်ချို 26-1-2014 |
![]() တစ်ပုခက်တည်းမအိပ်ခဲ့ပေမယ့် တစ်အိပ်မက်တည်းကြီးပြင်းခဲ့ မင်းကရယ်မောနေချိန် ငါကလရောင်ကိုငေးလို့ သူငယ်ချင်း....... ကမ္ဘာမြေကိုဦးဘက်ထမ်းဖို့ ငါတို့ ကဗျာလမ်းကိုရွေးခဲ့ စိတ်တွေမွန်းကျပ်လာတိုင်း စိတ္တဇသင်္ချိုင်းကြီးထဲ ကဗျာတွေတူးဆွခဲ့ကြ မင်းကရီဝေမှုကိုမက်မော ငါကလည်းနှစ်ယောက်စာလက်ခုပ်တီးခဲ့ မင်းလောကကြီးကိုအရွဲ့တိုက်ချိန် ငါ့နှုတ်ဖျားကတထွီထွီမြည်လို့ မင်းကနှလုံးသားဒဏ်ရာရ ငါ့ရင်ကလည်းရောင်ကိုင်းခဲ့ မင်းကတစ်ခုခုအောင်မြင်ရင် ငါလည်းမစို့မပို့လေးမာန်တတ်လို့ သူငယ်ချင်း..... ကမ္ဘာပျက်ဖို့ကသေချာတယ် ငါတို့မုန်းဖို့ကဝေဝေဝါးဝါး ငါ့စိတ်နဲ့မင်းကိုယ်ဆိုသလို ငါ့နွမ်းနယ်မှုတွေ မင်းလည်မြိုမှာနင်လို့ တံတွေးစွတ်မှတ်လို့မရတဲ့ မှတ်တမ်းထဲ ငါတို့ဖြတ်သန်းခဲ့ သူငယ်ချင်း........ ဒုက္ခပင်လယ်ဘယ်လောက်ကျယ်ကျယ် ငါတို့တွေ လက်ကိုင်ကိုင်းတပ်သောက်ကြမယ်...... လေေ ... Read more » |
![]() မင်္ဂလာပါ ဘယ်သူက ဘယ်သူကြောင့် အသက်ရှင်နေတယ်လို့ မပြောပါနဲ့လား အတွေ့အကြုံရှာတယ် ကြီးရင့်ကြတယ် မျှော်လင့်ကြတယ် အောင်မြင်ကြတယ် ကျရှုံးကြတယ် သေဆုံးသွားတယ်... ဘယ်သူက ဘယ်သူကြောင့်ရှင်သန်ကြတယ် သေဆုံးကြတယ်လို့ မပြောပါနဲ့လား နေထိုင်ရတယ် ရှာဖွေရတယ် အနိုင်ပိုင်းရတယ် ပေးဆပ်ရတယ် ချစ်တတ်ရတယ် မေ့ပစ်ရတယ် အစိုင်အခဲလုပ်ရတယ် ချဲ့ထွင်ရတယ် ဖျက်ပစ်ရတယ် ဒါကြောင့်.... ဘယ်သူဟာ ဘယ်သူကြောင့် လို့ မပြောပါနဲ့လား ကျေးဇူးတင်ပါတယ်ခင်ဗျာ... |
အချစ်ဖြစ်တည်မှု
နိဒါန်းအစ ကို အချစ်သုတေသီတစ်ဦးက ဤသို့ဖွင့်ဆိုဖူးသည် ။ ဖိုနှင့်မသည် ... နာလည်မှုကြောင့်ဖြစ်စေ အခြေအနေပေးမှုကြောင့်ဖြစ်စေ ... ရင်းနည်းမှုကြောင့်ဖြစ်စေ ... အချစ်တစ်ခုကိုဖြစ်ပေါ်ခံစားတတ်သည်တဲ့ လေ ..... |
ချစ်သူရေ ...
အလှမ်းကွာဝေနေတဲ့ အဖေါ်မဲ့တဲ့ ရက်တွေမှာ အလွမ်းကဗျာလေးတွေ သီဖွဲ့လို့ ကာရံမဲ သံစဉ်တွေနဲ့ မျှော်လင့်ခြင်းသီချင်းတစ်ပုဒ် တိတ်တိတ်လေးဆိုညည်းနေပါမယ် ... (မင်းကို) မတွေ့ရ မမြင်ရတဲ့ ရက်တွေမှာ အထီကျန်ခြင်းကိုအဖေါ်ပြုလို့ တမ်းတမှုကိုမြတ်နိုးမိရင်း စောင့်မျှော်ရတဲ့ နေ့ရက်တွေဟာ ရှည်လျှားလွန်းလှပါတယ် ... တကယ်လို့များ (မင်းက ) မငဲ့ကွက် အပြစ်ဖွဲ့လို့ရက်စက်ခဲ့မယ် ဆိုရင် လည်း ၀မ်းနည်းခြင်းများကို သိမ်းယူ သောကများကိုပွေ့ဖက်လို့ ထွက်သက်များရဲ့နိဂုံး (ဟိုးအဝေးကို) ပြေးပုန်းလို့ နေပါ့မယ် ... |
ချစ်သူရယ်
မုသားမပါတဲ့ မေတ္တာတရား ရိုးသားတဲ့ နှလုံးသားတစ်စုံ ဖြူစင်တဲ့ သံယောစဉ်တွေနဲ့ ဟန်ဆောင်ခြင်းကင်းမဲ့စွာ (မင်းကို) လေးနက်စွာ ချစ်ခဲ့ရသူပါ အရာရာမှာ မာယာအပြုံး အတုအယောင် စကားလုံးတွေ မသုံးပဲ ခပ်ဝေးဝေးက ငေးမောခွင့်လေး တစ်ခုထဲ(တည်း)နဲ့ (မင်းကို) မြတ်နိုးစွာ တယ်တာ မိသူပါ (ဒါပေမဲ့) နှလုံးသားက အမှားအမှန် မခွဲခြားပဲ အသွားအပြန်ဆိုတဲ့ မေတ္တာတရားရဲ့ နိယာမလေးကိုပဲ စွဲမြဲစွာ ဆုတ်ကိုင်ရင်း (မင်းကို) မျှော်လင့်စွာ ချစ်နေရသူပါ ... |
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက် တစ်ခက်တစ်ပွင့် ငုံအဆင့်မို့ ရင့်လို့ပဲဝါ၀ါ ညှာတံပဲပြုတ်ပြုတ် ဖြုတ်ခနဲပဲကြွေကြွေ မြေမှာပဲရောက်ရောက် ဖွဖွကလေးကောက်လို့ ပန်းခြောက်လေးပဲမြတ်နိုးမယ်။ မောင်စိန်ဝင်း(ပုတီးကုန်း) |
ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။ အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေရည်စူးပြီး ဆူးပွင့်မဆင်။ ခင်ကြိုက်ရင် အညှာကိုချိုး မြတ်နိုးတော့ ပန်ချင်ပန် မပန်ချင် ခင်မကြိုက်တော့လည်း ပစ်လိုက်ပေါ့နော်..ခင် ဆင်ချင်မှဆင်ပါတော့။ မခင်လို့ပဲဖြစ်ဖြစ် မဆင်လို့ပဲပစ်ပစ် ခင်သွားရင် ရနံ့ပေး ခင်မွှေးရင်ပျော်ရွှင်လို့ ခင်မမြင် ခင်မကြည့်ပေမယ့်် ခင်သိရင် တို့ကျေနပ်ပါရဲ့ ရွက်ချပ်စို ကြိုအကြားမှာပဲ ပွင့်သွားတာပေါ့။ မောင်စိန်ဝင်း(ပုတီးကုန်း) |