Main » 2014 » February » 06 » ချစ်သူဖတ်ဖို့ ၂
7:26 PM
ချစ်သူဖတ်ဖို့ ၂
ချစ်သူရေ ...
အလှမ်းကွာဝေနေတဲ့
အဖေါ်မဲ့တဲ့ ရက်တွေမှာ
အလွမ်းကဗျာလေးတွေ သီဖွဲ့လို့
ကာရံမဲ သံစဉ်တွေနဲ့
မျှော်လင့်ခြင်းသီချင်းတစ်ပုဒ်
တိတ်တိတ်လေးဆိုညည်းနေပါမယ် ...
(မင်းကို)
မတွေ့ရ မမြင်ရတဲ့ ရက်တွေမှာ
အထီကျန်ခြင်းကိုအဖေါ်ပြုလို့
တမ်းတမှုကိုမြတ်နိုးမိရင်း
စောင့်မျှော်ရတဲ့ နေ့ရက်တွေဟာ
ရှည်လျှားလွန်းလှပါတယ် ...
တကယ်လို့များ
(မင်းက ) မငဲ့ကွက်
အပြစ်ဖွဲ့လို့ရက်စက်ခဲ့မယ် ဆိုရင် လည်း
ဝမ်းနည်းခြင်းများကို သိမ်းယူ
သောကများကိုပွေ့ဖက်လို့
ထွက်သက်များရဲ့နိဂုံး
(ဟိုးအဝေးကို)
ပြေးပုန်းလို့ နေပါ့မယ် ...
Category: ကိုယ်တိုင်ရေးကဗျာ | Views: 156 | Added by: မျိုးကျော်သူ | Tags: ကဗျာများ | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: