Main » ကြိုက်နှစ်သက်သောကဗျာ
Thank Khin

နှစ်ကိုယ်ရင်မှာ အကြင်နာစစ်နဲ့
ရင်လွှာအချစ်ကို
မောင့်ထက် ပိုပြီး ချစ်ပါတယ်တဲ့
ကျေးဇူးတင်တယ် ခင်။

မိန်းမကောင်းပန်းပန် တစ်ပွင့်ပန်
ပွင့်အံ့ ကျလာတဲ့ သူ့စကား
မောင့်အပါးမှ တစ်ဖဝါးမှ မခွာတဲ့
ကျေးဇူးတင်တယ် ခင်။

အိမ်သူအလုပ် မောင်မလုပ်နဲ့
မောင့်အတွက်ပို သမီးလေးကို
ပြုစု အချစ်ပို ကျေနပ်စေမယ်တဲ့
ကျေးဇူးတင်တယ် ခင်။

ရင်တွင်းကဗျာ ရေးကာသီကုံး
ယောင်ဆံထုံးလို တွဲကူပေးလို့
ကဗျာလှလှ ဖန်တီးကြစို့တဲ့
ကျေးဇူးတင်တယ် ခင်။

စာအုပ်စာပေ လူ့မိတ်ဆွေ
မောင့်ရဲ့ စာတွေ ကျွန်မမိတ်ဆွေ
ထာဝစဥိမြဲ ကျမ အားပေးတယ်တဲ့
ကျေးဇူးတင်တယ် ခင်။

ဤမြေ ဤကမ္ဘာ
ဘဝမရွှေး ကံကြမ္မာရေးမို့
ဇာတာမအေးလည်း
မောင်နဲ့ကျမ ဘဝလှလှ
တည်ဆောက်ကြမယ်တဲ့
ကျေးဇူး အထူး တင်တယ် ခင်။


စိုးမင်း~အချစ်ချို

26-1-2014
Category: ကြိုက်နှစ်သက်သောကဗျာ | Views: 230 | Added by: မျိုးကျော်သူ | Date: 2014-02-18 | Comments (0)

Friends
 
တစ်ပုခက်တည်းမအိပ်ခဲ့ပေမယ့်
တစ်အိပ်မက်တည်းကြီးပြင်းခဲ့
မင်းကရယ်မောနေချိန်
ငါကလရောင်ကိုငေးလို့

သူငယ်ချင်း.......
ကမ္ဘာမြေကိုဦးဘက်ထမ်းဖို့
ငါတို့ ကဗျာလမ်းကိုရွေးခဲ့
စိတ်တွေမွန်းကျပ်လာတိုင်း
စိတ္တဇသင်္ချိုင်းကြီးထဲ
ကဗျာတွေတူးဆွခဲ့ကြ

မင်းကရီဝေမှုကိုမက်မော
ငါကလည်းနှစ်ယောက်စာလက်ခုပ်တီးခဲ့
မင်းလောကကြီးကိုအရွဲ့တိုက်ချိန်
ငါ့နှုတ်ဖျားကတထွီထွီမြည်လို့

မင်းကနှလုံးသားဒဏ်ရာရ
ငါ့ရင်ကလည်းရောင်ကိုင်းခဲ့
မင်းကတစ်ခုခုအောင်မြင်ရင်
ငါလည်းမစို့မပို့လေးမာန်တတ်လို့

သူငယ်ချင်း.....
ကမ္ဘာပျက်ဖို့ကသေချာတယ်
ငါတို့မုန်းဖို့ကဝေဝေဝါးဝါး
ငါ့စိတ်နဲ့မင်းကိုယ်ဆိုသလို
ငါ့နွမ်းနယ်မှုတွေ မင်းလည်မြိုမှာနင်လို့

တံတွေးစွတ်မှတ်လို့မရတဲ့
မှတ်တမ်းထဲ ငါတို့ဖြတ်သန်းခဲ့
သူငယ်ချင်း........
ဒုက္ခပင်လယ်ဘယ်လောက်ကျယ်ကျယ်
ငါတို့တွေ
လက်ကိုင်ကိုင်းတပ်သောက်ကြမယ်......

လေေ ... Read more »

Love or hate
မင်္ဂလာပါ
ဘယ်သူက ဘယ်သူကြောင့်
အသက်ရှင်နေတယ်လို့
မပြောပါနဲ့လား
အတွေ့အကြုံရှာတယ်
ကြီးရင့်ကြတယ်
မျှော်လင့်ကြတယ်
အောင်မြင်ကြတယ်
ကျရှုံးကြတယ်
သေဆုံးသွားတယ်...
ဘယ်သူက ဘယ်သူကြောင့်ရှင်သန်ကြတယ်
သေဆုံးကြတယ်လို့ မပြောပါနဲ့လား
နေထိုင်ရတယ် ရှာဖွေရတယ်
အနိုင်ပိုင်းရတယ်
ပေးဆပ်ရတယ် ချစ်တတ်ရတယ်
မေ့ပစ်ရတယ်
အစိုင်အခဲလုပ်ရတယ်
ချဲ့ထွင်ရတယ်
ဖျက်ပစ်ရတယ်
ဒါကြောင့်....
ဘယ်သူဟာ ဘယ်သူကြောင့် လို့ မပြောပါနဲ့လား
ကျေးဇူးတင်ပါတယ်ခင်ဗျာ...

ငယ်ရွယ် ၊ လွတ်လပ်
အကန့်သတ်မဲ့ စိတ်ကူးနဲ့
ငါ့ရဲ့  အိမ်မက်ထဲမှာ
"ကမ္ဘာကြီးကိုပြောင်းပစ်မယ်...
အသက်လေး ရလာ
ပညာဆိုတာ နည်းနည်း သိ
ပြန်ကြည့်လိုက်တော့မှ
"ကမ္ဘာကြီး ဟာ  ကမ္ဘာကြီး ပါပဲ ..
အိမ်မက်ကို ဈေးဆစ်
ငါချစ်တဲ့ါငါ့တိုင်ပြည်
တစ်ခုခုဖြစ်ရမည့်ပေါ့
သည်တစ်ခါလည်
"တိုင်ပြည် ဟာ တိုင်ပြည်ပါပဲ ..
ဘ၀ရဲ့ ဆည်းဆာချိန်
အိမ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သမီးသားတွက်
ပေးဆပ်ဖို့ ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
"မိသားစုဟာ ဒီအတိုင်းပါပဲ "
သေရာညောင်စောင်း
လဲလျှောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
"ငါဟာ ငါပဲ ၊ ဘာမှ မပြောင်းလဲ ...."

Sample Love
ခြေတစ်လှမ်းနောက်ကျရုံနဲ့ 
ဘယ်လောက်ထိကြေကွဲဝမ်းနည်းရဦးမှာလဲ
ဒုတိယနေရာကငါ့အတွက်
သုခဆိုတာလား
အချိန်တစ်ခုအတွက်အစားထိုးခံရခြင်းမျိုးလား
ငါ့ချစ်ခြင်းတွေနင့်အတွက်
ဘယ်လောက်ပဲနားလည်ပါစေ
အချိန်တန်တော့လည်းအတိတ်နေ့ ရက်တွေနဲ့ 
ကျေနပ်နှစ်သိမ့်နိုင်သူပါ
ဆုံးဖြတ်ရခက်နေပြီလား ကို..
အချစ်ကိုယဲုံမိတဲ့ငါဟာ
နောက်ဆုံးမှာကျန်ခဲ့ရမှာပါ
နောက်ဆုတ်ပေးဖို့ သေချာနေတာတောင်
မျှော်လင့်ခြင်းအလင်းမှိန်အောက်မှာ
အချိန်တစ်ခုကိုရပ်စောင့်မိနေတုန်း
မရတော့ရင်လည်းနေ
တွေ့ ခွင့်တွေဝေးရရင်လည်းနေ
ထာဝရဆိုင်ခွင့်တွေဆုံးရရင်လည်းနေ
ခဏတာခိုဝင်ဖူးတဲ့ရင်ခွင်ကို
လွမ်းမိတဲ့အ ခါ . . . . . . . . ရိုးသားစွာချစ်ရခြင်းမျိုးကိုတော့
ပိုင်ဆိုင်ပါရစေ. . . .

မချည်ပဲ ရင်ထဲ ငြိတွယ်
အသိမယ် သူဝင်ပျိုး
ရင်၌ ချည်သော ကြိုး

တိတ်တခိုးပေမို့
စိတ်တခိုးတွေ စေ
အရိပ်မိုးဆွေ ချစ်သူနားကို
နေ့ရှိသရွေ့ သွားချင်နေ
မချွေပဲ ကြွေတဲ့ပန်း ချစ်သူနမ်းရင် လန်းစေသား။

ကိုယ်မအားလေတော့
ပြိုမလား မေ လပြည့်ဝန်းက
အေး ရိပ် စွာ ထာဝရ ပေးသည်မို့
တွေးထိတ်ကာ ဗျာပါ ဆွေးရတယ်
ဝေးခဲ့သည့် ချိန်.။

သူမခူးရင်လည်း
ရည်စူးကာ မျှော်ကာပွင့်တာမို့
လေပြင်းတွေ စေ
လေပြေတွေ ဆင့်
ရွက်ရင့်ဆွေ ကြွေကာကူးလည်း
ကိုင်းဖူးမှာ ဆိုင်းမြူးဝေဆာ
သူ့အတွက်သာ.ကိုယ့်သစ္စာ
ထာဝရပန်းမို့ လန်းစေသား..။

လူစိုး

 အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့"သ”လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
"ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

"မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာတင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။

ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်...

သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။
(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
.......။

ရဲသင်ရန် (ထူးအိမ်သင်)
၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း