Main » 2014 February 09 » ဒွန်
3:26 PM ဒွန် |
![]() တစ်ပုခက်တည်းမအိပ်ခဲ့ပေမယ့် တစ်အိပ်မက်တည်းကြီးပြင်းခဲ့ မင်းကရယ်မောနေချိန် ငါကလရောင်ကိုငေးလို့ သူငယ်ချင်း....... ကမ္ဘာမြေကိုဦးဘက်ထမ်းဖို့ ငါတို့ ကဗျာလမ်းကိုရွေးခဲ့ စိတ်တွေမွန်းကျပ်လာတိုင်း စိတ္တဇသင်္ချိုင်းကြီးထဲ ကဗျာတွေတူးဆွခဲ့ကြ မင်းကရီဝေမှုကိုမက်မော ငါကလည်းနှစ်ယောက်စာလက်ခုပ်တီးခဲ့ မင်းလောကကြီးကိုအရွဲ့တိုက်ချိန် ငါ့နှုတ်ဖျားကတထွီထွီမြည်လို့ မင်းကနှလုံးသားဒဏ်ရာရ ငါ့ရင်ကလည်းရောင်ကိုင်းခဲ့ မင်းကတစ်ခုခုအောင်မြင်ရင် ငါလည်းမစို့မပို့လေးမာန်တတ်လို့ သူငယ်ချင်း..... ကမ္ဘာပျက်ဖို့ကသေချာတယ် ငါတို့မုန်းဖို့ကဝေဝေဝါးဝါး ငါ့စိတ်နဲ့မင်းကိုယ်ဆိုသလို ငါ့နွမ်းနယ်မှုတွေ မင်းလည်မြိုမှာနင်လို့ တံတွေးစွတ်မှတ်လို့မရတဲ့ မှတ်တမ်းထဲ ငါတို့ဖြတ်သန်းခဲ့ သူငယ်ချင်း........ ဒုက္ခပင်လယ်ဘယ်လောက်ကျယ်ကျယ် ငါတို့တွေ လက်ကိုင်ကိုင်းတပ်သောက်ကြမယ်...... လေသွေးညို ၂၅.၁.၂၀၁၄ |
|
Total comments: 0 | |