ONLINE TECHNOLOGY & OBSERVATION
MYO KYAW THU
Main »
2014 » March » 18 » ချစ်သူစစ်
|
သမုတယ ကြိုးတွယ်
မြတ်နိုးတွယ်တာ ရသူမို့
ကရုဏာ ဒေါသ ထွက်မိတဲ့အခါ
စိတ်မဆိုးပါ နဲ့ ကွယ်
ချစ်ကြိုးတွယ် မြတ်နိုးရသူမို့
အပြစ်ဆိုဖွယ် မြင်လာရရင်ဖြင့်
မျိုသိပ်ခါ ရင်မှာထားရင်
သူစိမ်းပြန်ဖြစ် စိမ်းကျန်ရစ်မှာစိုးရတယ်။
သိပ်ချစ်တယ် ကွယ်။
အပြစ်ရယ် မဆိုသာပေမယ့်
ချစ်စိတ်ရယ် သွေဖယ်သွားရင်
ကြာလာရင်လည်း မုန်းမှာစိုးတယ်။
ပွင်းလင်းစွာ ကြင်နာကြလို့
လွတ်လပ်စွာ ချစ်ကြပါစို့
တစ်ယောက်အကြိုက် တစ်ယောက်မလိုက်ပဲ
တစ်ယောက်မကောင်းရင် တစ်ယောက်ပြင်
ဒါမှ ချစ်သူစစ်သာဖြစ် လိမ့်မယ်။
ထာဝရအတွက် ရည်ရွယ်ထားသူမို့
ဟန်ဆာင်ခြင်းကင်းကင်းနဲ့
ရန်ဆောင်ခြင်းတွေ ဝေးကွာ
အချစ်မေတ္တာလမ်းမှာ
မောင်တို့ လေ..
သစ္စာပန်းတို့ စိုက်ကြမယ်။
သိပ် ချစ်တယ် ကွယ်
စိတ်ညစ်တယ် မဆိုပါနဲ့။
18.March.2014/Tue
3:29 PM
Credit : #MYOKYAWTHU
|
Category: ကိုယ်တိုင်ရေးကဗျာ |
Views: 188 |
Added by: မျိုးကျော်သူ
| Tags: ကိုယ်တိုင်ရေးကဗျာများ
| Rating: 0.0/0 |