ONLINE TECHNOLOGY & OBSERVATION
MYO KYAW THU
Main »
2014 » March » 18
သမုတယ ကြိုးတွယ်
မြတ်နိုးတွယ်တာ ရသူမို့
ကရုဏာ ဒေါသ ထွက်မိတဲ့အခါ
စိတ်မဆိုးပါ နဲ့ ကွယ်
ချစ်ကြိုးတွယ် မြတ်နိုးရသူမို့
အပြစ်ဆိုဖွယ် မြင်လာရရင်ဖြင့်
မျိုသိပ်ခါ ရင်မှာထားရင်
သူစိမ်းပြန်ဖြစ် စိမ်းကျန်ရစ်မှာစိုးရတယ်။
သိပ်ချစ်တယ် ကွယ်။
အပြစ်ရယ် မဆိုသာပေမယ့်
ချစ်စိတ်ရယ် သွေဖယ်သွားရင်
ကြာလာရင်လည်း မုန်းမှာစိုးတယ်။
ပွင်းလင်းစွာ ကြင်နာကြလို့
လွတ်လပ်စွာ ချစ်ကြပါစို့
တစ်ယောက်အကြိုက် တစ်ယောက်မလိုက်ပဲ
တစ်ယောက်မကောင်းရင် တစ်ယောက်ပြင်
ဒါမှ ချစ်သူစစ်သာဖြစ် လိမ့်မယ်။
ထာဝရအတွက် ရည်ရွယ်ထားသူမို့
ဟန်ဆာင်ခြင်းကင်းကင်းနဲ့
ရန်ဆောင်ခြင်းတွေ ဝေးကွာ
အချစ်မေတ္တာလမ်းမှာ
မောင်တို့ လေ..
သစ္စာပန်းတို့ စိုက်ကြမယ်။
သိပ် ချစ်တယ် ကွယ်
စိတ်ညစ်တယ် မဆိုပါနဲ့။
18.March.2014/Tue
3:29 PM
Credit : #MYOKYAWTHU
|
အံဝင်ကွင်ကျ မရှိတဲ့ ဘ၀နဲ့
အညတရ ကောင်လေးရဲ့ အတ္တမှာ
ခိုင် ဆိုတဲ့ကောင်မလေးရဲ့
ချစ်ခြင်းမေတ္တာက အဓိက ပါဝင်နေလေရဲ့ ...
ပြောမပြတတ်အောင်ချစ်ခဲ့ပေမယ့်
တစ်ခါ တစ်ခါ ဥပေက္ခာပြုသလို ခံစားရတဲ့အခါ
ညတွေက အိပ်ဖို့ မဟုတ်ပဲ လွမ်းဖို့ ဖြစ်သွားတယ်။
နားလည်ပေးနိုင်ပေမယ့်လည်း
တစ်ခါ တစ်ခါ သူ့ရဲ့ အလေးထားမှု တစ်ချို့ ကိုတော့လိုချင်မိတယ်။
တောင်းဆိုမှု ဆိုတာ မရှိတော့ပေမယ့်လည်း
နားလည်မှု တရားလေးကိုတော့ထားစေချင်တယ်။
သြော် ..
အချစ်ဆိုတာ ချစ်နေဖို့ပဲလေ.. တဲ့..
ဒါပေမယ့်လည်း ပိုင်ဆိုင်ခွင့်ဆိုတာ လေးရချင်တယ်။
အချစ်ဆိုတာ ရယူခြင်းလား ပေးဆပ်ခြင်းလား
စွန့်လွတ် အနစ်နာခံခြင်းလား လို့ မငြင်းချင်တော့
တကယ်တော့ အချစ် ဆိုတာ
ဖြစ်ချင်တာဖြစ်နေတာ
ဒါ...(ထင်ပါတယ်)
အချစ်ပဲ လို့ ပြောချင်ပါရဲ့
ခံစားတုန်းခဏချစ်လိုက်
လွမ်းလိုက်ကြ ရယ်လို့တော့မဟုတ်ပါဘူး..
နှလုံးသားနဲ့ရင်းပြီး ချစ်တတ်ကြတဲ့သူတွေအတွက်
အလွမ်းဆိုတာ...သောက်မကောင်းတဲ့ ဆေးခါးတစ်ခွက်လို
ဘယ်လိုမှ မျိုးချလို့ မရတဲ့ ဆေးပါ။
တွေးထားပါတယ်
ေ
...
Read more »
|
|