Main » 2014 February 06 » တိတ်တခိုး
7:21 PM တိတ်တခိုး |
ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်။ အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေရည်စူးပြီး ဆူးပွင့်မဆင်။ ခင်ကြိုက်ရင် အညှာကိုချိုး မြတ်နိုးတော့ ပန်ချင်ပန် မပန်ချင် ခင်မကြိုက်တော့လည်း ပစ်လိုက်ပေါ့နော်..ခင် ဆင်ချင်မှဆင်ပါတော့။ မခင်လို့ပဲဖြစ်ဖြစ် မဆင်လို့ပဲပစ်ပစ် ခင်သွားရင် ရနံ့ပေး ခင်မွှေးရင်ပျော်ရွှင်လို့ ခင်မမြင် ခင်မကြည့်ပေမယ့်် ခင်သိရင် တို့ကျေနပ်ပါရဲ့ ရွက်ချပ်စို ကြိုအကြားမှာပဲ ပွင့်သွားတာပေါ့။ မောင်စိန်ဝင်း(ပုတီးကုန်း) |
|
Total comments: 0 | |