Main » 2014 » February » 06 » ချစ်သူ
2:25 PM
ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)ကဗျာများ
Category: မောင်စိန်ဝင်း (ပုတီးကုန်း) | Views: 122 | Added by: မျိုးကျော်သူ | Tags: မောင်စိန်ဝင်း(ပုတီးကုန်း)ကဗျာများ | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: