Main » 2014 » February » 06 » ညို
2:20 PM
ညို
 ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)
Category: မောင်စိန်ဝင်း (ပုတီးကုန်း) | Views: 108 | Added by: မျိုးကျော်သူ | Tags: မောင်စိန်ဝင်း (ပုတီးကုန်း) | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: