Main » မောင်စိန်ဝင်း (ပုတီးကုန်း)
ခြင်္သေ့ဆိုတာ၊ တောဘုရင်မို့
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်
ခြင်္သေ့ဟန်ဖြင့်၊ တ၀င့်ဝင့်မို့
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။

ခွေးဆိုလည်းခွေး
အယ်လ်ဇေးရှင်း၊ အင်းခွေး၊ ဗမာခွေး
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်တယ်။

ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့
ဇစ်မြစ်မမှန်၊ လည်ဆံမဖွာ
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့
သတ္တိ သစ္စာ ဘယ်အရာမှစံမ၀င်
သဏ္ဍာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့...)
ခွေးဘ၀လောက်ဂုဏ်မရှိ။


မောင်စိန်ဝင်း(ပုတီးကုန်း)
Category: မောင်စိန်ဝင်း (ပုတီးကုန်း) | Views: 117 | Added by: မျိုးကျော်သူ | Date: 2014-02-06 | Comments (0)

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။


မောင်စိန်ဝင်း (ပုတီးကုန်း)

 ပြိုမယောင်
ဟိုတောင်က မိုး….. ။

လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။

မောင်စိန်ဝင်း (ပုတီးကုန်း)

သရက်ကင်းတွေလည်း
မြက်ခင်းမှာ ကြွေပြီခင်။

နွေလေပူ တစ်ချက်သုတ်လေတော့
အရွက်ပြုတ်သရက်ပင်။

ချစ်သူမေ့ပြီလား
ငယ်ဓလေ့ အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ ။

သရက်ကင်းနဲ့မှ
ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့
နေ့တိုင်းပင် ဘိုစာမက်ပါလို့

အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့
မောင့်သရက် သူမမင်
မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလည်း
အချစ်ရယ်----------
မေ့လောက်ပြီပေါ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။

မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်

မောင်စိန်ဝင်း (ပုတီးကုန်း)

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)ကဗျာများ

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...

မောင်စိန်ဝင်း (ပုတီးကုန်း)


ဝေး

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
... Read more »

တွယ်တာလှပေမယ့်

ကွယ်ရာကပဲ ချစ်တော့မယ်။


အဆင်ခက်လေတော့

မကြင်ရက်တယ် သခင်ဆိုမလား

ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

စိတ်ညစ်တယ်ကွယ်။


သံယောဇဉ် ခွေကာရစ်ပေမယ့်

ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

ချစ်တတ်သူ အမူလုပ်ပါလို.

မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

ရင်တွင်းမှာ မကြည်မွေ.လေတော့

... Read more »

 ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)

« 1 2 3 »