ONLINE TECHNOLOGY & OBSERVATION
MYO KYAW THU
Main »
မောင်စိန်ဝင်း (ပုတီးကုန်း)
ပြိုမယောင် ဟိုတောင်က မိုး….. ။
လေအဝှေ့မှာတော့ ရေငွေ့တွေဘယ်ဆီတိမ်းပါလို့ ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ ဝေဒနာပူပူသရွေ့ကို ကွယ်…. သူမေ့မှာစိုး ………။
မောင်စိန်ဝင်း (ပုတီးကုန်း)
|
တစ်ပင်ထဲ (တည်း)၊ ရင်ထဲကနွယ်။ ခက်ညွန့်သန် နုသစ်လို့၊ ရစ်ပတ်နှောင်တွယ်။ သံယောဇဉ်ဆိုတာရယ်၊ နွယ်ကလေးတစ်ပင်ပေါ့။ ရာသီတွေ ဘယ်လိုပြောင်းပေမယ့်၊ ခေါင်းထောင်လို့ကြော့။ ။ မောင်စိန်ဝင်း ( ပုတီးကုန်း )
|
တကယ်မဝေးပေမယ့်၊ စံပယ်လေးတွေ ခြောက်ပြီလေ …. ။ မခေါ်သာအတွေ့ခက်၊ နေ့ရက်တာရှည် … ။ ပွင့်သစ်တို့ တဝေဝေ၊ ပွင့်ကြွေတို့ တဖွေးဖွေး … ။ အသက်တမျှချစ်ပါရဲ့၊ လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊ ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊ ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊ အမှတ်တရကွယ် ခြေရာချန်သလား၊ ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊ မရေရာပြန် တစေ့စေ့တွေးတော့မှ၊ (အချစ်ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။ မောင်စိန်ဝင်း (ပုတီးကုန်း)
|
|