Main » ဖတ်မိဖတ်ရာ
Family

(၁) ပြောဆိုဆက်ဆံခြင်း

ခြင်္သေ့တစ်ကောင်နဲ့ ကျားတစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ပြင်းပြင်းထန်ထန် သတ်ဖြတ်ကြတယ်။ နောက်ဆုံးမှာ နှစ်ကောင်စလုံး ဒဏ်ရာအနာတရ ရခဲ့ကြတယ်။

ခြင်္သေ့က သေလုမြောမြောဖြစ်နေချိန်မှာ ကျားကိုမေးတယ်။

"ငါ့နေရာကိုသာ မင်းဝင်မလုရင် ငါတို့နှစ်ကောင်လုံး ဒီလိုထိခိုက်ဒဏ်ရာရကြမှာမဟုတ်ဘူး”

"မင်းနေရာကိုလုဖို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး။ မင်းသာ ငါ့နေရာကို ကျူးကျော်မယ်လို့ ငါထင်ခဲ့တာ” ကျားက အသက်ငင်ရာကနေ တအံ့တသြပြန်ပြောတယ်။

အချင်းချင်းပြောဆိုဆက်ဆံခြင်းက မိသားစုပျော်ရွှင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်။ ပြောချင်တဲ့စကား၊ ပြောသင့်တဲ့စကားကို ရင်ထဲသိမ်းဆည်းမထားပါနဲ့။ မိသားစုနဲ့ ပိုဆက်ဆံပြောဆိုခြင်းအားဖြင့် ကိုယ့်ကိုသူတို့နားလည်နိုင်ပါစေ။ အချင်းချင်းဆက်ဆံပြောဆိုခြင်းက အထင်မှား အမြင်မှားခြင်း၊ သဘောထားကွဲလွဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ယုံကြည်မှု

ငှက်နှစ်ကောင် အတူနေကြတယ်။ ငှက်ဖိုက သစ်စေ့တွေ ငှက်သိုက်တစ်သိုက်စာလောက်ရှာပြီး ငှက်မကိုစောင့်ရှောက်ခိုင်းတယ်။ ရာသီဥတုပူတော့ သစ်စေ့တွေခြောက်ပြီး ကျုံ့ကု ... Read more »
Category: ဖတ်မိဖတ်ရာ | Views: 313 | Added by: မျိုးကျော်သူ | Date: 2014-02-18 | Comments (0)

အဖေ

ဟိုး. .
ကျွန်တော်ငယ်ငယ် ကလေးဘဝ
စကားပြောတတ်စ အရွယ်တုန်းကပေါ့
အဖေနဲ့ အမေကမေးတယ်
ဖေဖေနဲ့မေမေ ဘယ်သူ့  ကိုပိုချစ်သလဲတဲ့
ကျွန်တော် ဖြေတယ်
''မေမေ့ကို ပိုချစ်တယ်''
အမေကပြုံးပြီးအဖေ့ကိုကြည့်တယ်
အဖေကတော့ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . .
အဲဒီလူထူးဆန်းကြီးအကြောင်း
ကျွန်တော့်ခေါင်းသေးသေးလေးနဲ့
စဉ်းစားလို့မရခဲ့ဘူး. . . .

ဒီလိုနဲ့ . .
ကျွန်တော်အဝေးရောက်ခဲ့တယ်
အပြုံးတုတွေကြား
ကျွန်တော်ယဉ်ပါးလာတော့. . .
အဖေ့အပြုံးကို ပြန်မြင်လာတယ်. .
အဖေရယ်. . .
အမေ့ကိုပိုချစ်တယ်ပြောတော့
အဖေတကယ်ပျော်လို့ပြုံးခဲ့တာလား. . .
ကျွန်တော့်ရင်ထဲစို့နင့်နေတယ်
ဟုတ်တယ်. . .
အဖေဆိုတာ. . .
ခံစားချက်ကိုမျိုသိပ်
ကျွန်တော်တို့အိပ်မက်တွေ အရောင်လက်ဖို့
တိတ်တိတ်ကလေး ပေးဆပ်ခဲ့တဲ့သူ. . .

ကျွန်တော်ငယ်ငယ်က
မိသားစုထမင်းဝိုင်းလေး
ခုပြန်တွေးတိုင်း မျက်ရည်ဝဲတယ်
တစ်ခါတစ်ရံချက်ဖြစ်တဲ့
ကြက်သားဟင်းနဲ့နေ့ကလေးပေါ့
အမေကအသည်းအမြစ်ကလေးကို
အဖေ့ပန်းကန်ထဲဥ ... Read more »
Category: ဖတ်မိဖတ်ရာ | Views: 287 | Added by: မျိုးကျော်သူ | Date: 2014-02-11 | Comments (0)

Steve Jobs
ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ
တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ
တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင် အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ်
ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။
ဇာတ်လမ်း သုံးပုဒ် ထဲပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခ့ပဲါတယ်။ ဒါပေမဲ့ ကျောင်းက
မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့်
ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။(ဆက်ဖတ်ရန်)
ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။ ကျွန်တော့ကို ကိုယ်ဝန်
ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။
အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက် ... Read more »
Category: ဖတ်မိဖတ်ရာ | Views: 240 | Added by: မျိုးကျော်သူ | Date: 2014-02-09 | Comments (0)

Happy Family
မိသားစုတစ်စုကိုကြည့်မယ်ဆိုရင် အဲ့ဒီ့ မိသားစုဟာ သူတို့နေထိုင်တဲ့ အိမ်ဂေဟာလို့ပဲ တွေ့ကြုံရတဲ့ ပြင်ပြုပြင်စရာတွေကို အမြဲမပြတ် သတိထား ကြည့်ရှုပြီး ပြုပြင်နေဖို့လိုတယ်ဆိုတာ ပထမဦးဆုံးတွေ့ ရပါမယ်။ အိမ်နံရံမှာ တွေ့တဲ့ အက်ကြောင်းကလေးတွေကို ချက်ချင်း မပြုပြင်လို့ရှိရင်အဲ့ဒီအက်ကြောင်းဟာ  တစ်စတစ် ပိုကြီးလာပြီး ပြင်ပကလေတွေနဲ့ မိုးတွေဝင်လာနိုင်ပါတယ်။ အဲ့ဒီလိုပဲ မိသားစုတစ်စုအတွင်း
မှာ တစ်ဦးနဲပ တစ်ဦး အထင်လွဲမှားစရာ၊ စိတ်ဝမ်းကွဲစရာသံသယတွေရှိလာပြီဆိုရင် အချိန်မဆိုင်းဘဲ မျက်နာစုံညီတွေ့ဆုံပြီး အမြန်ဆွေးနွေး ဖြေရှင်းရပါမယ်။ အဲ့ဒီ အခြေအနေကို သတိပြုမိရင်ဖြစ်ဖြစ်၊ သတိမပြုမိတာတောင် မဖြေရှင်းဘဲ ထားရင် ဖြစ်ဖြစ် အဖုအထစ် အသေးကလေး ကနေ အဖုထစ်အလုံးကြီးဖြစ်လာပြီး ပြဿနာပေါ်လာပါလိမ့်မယ်။ ပြဿနာအဆင့်ကိုရောက်တော့မှ ဖြေရှင်မယ်ဆိုရင်ပိုပြီး ခက်ခဲတတ်ပါတယ်။ တစ်ချိန်ထည်းမှာ ပြင်ပက မလိုတမာ စိတ်ထားရှိသူတွေရဲ့ ကြားဝင်နှောက်ယှက်မှုတွေကို လည်း မလွဲမသွေ တွေ့ကြုံရတတ်ပါတယ်။
    မိသားစုတစ်စုရဲ့ ချမ်းမြေ့ ... Read more »
Category: ဖတ်မိဖတ်ရာ | Views: 211 | Added by: မျိုးကျော်သူ | Date: 2014-02-07 | Comments (0)


fly2
စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းလေးတစ် ခုတွင်း ကျွန်တော်ထိုင်နေသည် ... စားသောက်ဆိုင်က မြို့ပြင်ကျကျ တစ်နာရီခရီး အ  ကွာလောက် တောင်တန်းများပင် မြင်နေ၇သည့်
ငြိမ်းချမ်းသော နေရာကလေး ...      သို့သော် ကျွန်တော်နှင့် သုံးလေးပေ အကွာလောက်တွင် သေ
ရေး ရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်သံ တစ်ခုက နားထဲဝင်ရောက်လာသည် ...                               ကောင်လေးတစ်ကောင် ပြတင်းပေါက်မှန်ချပ်  ကို ဖောက် ထွက်ဖို့ အသည်းအသန် ကြိုးစားနေ
သည် ... သူ့ခန္ဒာကိုယ်၌ ကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နှိုင်စရာ မရှိသည့် အရေးကိစ္စအတွက် သူ
ဖြုန်းတီးနေသည် ...

      ညံသထက်ညံလာသော တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်းလှသည့် ယင်ကောင်၏ လုပ်ငန်း
စဉ်ကိုဖေါ်ပြနေသည် ... ကြိုးစားမှုမအောင်မြင်လျှင် သည့်ထက်ပြို ... Read more »
Category: ဖတ်မိဖတ်ရာ | Views: 423 | Added by: မျိုးကျော်သူ | Date: 2014-02-06 | Comments (0)

Cow & Boy
                အင်မတန်ချမ်းသာကြွယ်ဝတဲ့ အဖေဟာ ကိုးနှစ်အရွယ် သားလေးကို အပြင်လောကမှာ ဘယ်လောက်ထိ ဆင်းရဲကြောင်း သိအောင် ခရီးတစ်ခု ခေါ်သွားပါတယ်။

လယ်ကွင်းထဲမှာ ၂ ညအိပ်ပြီး ရွာတွေလည့်လို့ နောက်ဆုံးတော့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တော့ အဖေက သားကို ခရီးမှာ ဘာတွေ တွေ့ခဲ့လည်း မေးတဲ့အခါ --

"သားတို့ဆီမှာ ရေကူးကန်ပဲရှိတာ။ သူတို့ဆီမှာ မြစ်ကော၊ ပင်လယ်ကော ရှိတယ်။ သားတို့က ဟင်းရွက်တွေ ဝယ်စားရတာ။ သူတို့က ကိုယ်တိုင် စိုက်စားတယ်။ သားတို့အိမ်ကို နံရံတွေ ပတ်လည်ဆောက်ထားတယ်။ သူတို့ အိမ်က ဘေးမှာ မိတ်ဆွေတွေအိမ် ဝန်းရံထားတယ်။ သားတို့မှာ ခွေး တစ်ကောင်ပဲ မွေးထားတာ။ သူတို့ဆီမှာ ခွေးတွေ အများကြီးပဲ။ သားတို့အိပ်ရင် အပေါ်မှာ မျက်နှာကြက်ပဲ မြင်ရတယ်။ သူတို့က ကြယ်တွေကို မြင်ရတယ်။ သားတို့က ပူရင် လေအေးပေးစက်ဖွင့်တယ်။ သူတို့က ပူရင်အိပ်ဖို့ အိမ်ရှေ့ ကွတ်ပျစ် ရှိတယ်။ သူတို့က သားတို့ထက် အများကြီး ချမ်းသာတယ် ဖေဖေ" လို ... Read more »
Category: ဖတ်မိဖတ်ရာ | Views: 227 | Added by: မျိုးကျော်သူ | Date: 2014-02-06 | Comments (0)