Main » Programming
Programmingပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် အခက်ကြီးလို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာလေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ "နည်း” ဆိုတာ "KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်းသိလိုက်တာနဲ့ အားလုံးအဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။ ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာအတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ်လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက်ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိနည်းကျကျ ဆင်ခြင်တွေးခေါ်နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံလေးတွေ နည်းနည်းလိုသေးတယ်။ ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်းသင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်းအနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာမဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင ... Read more »
Category: Programming | Views: 219 | Added by: မျိုးကျော်သူ | Date: 2014-02-10 | Comments (0)