Main » 2014 February 7 » ချမ်းမြေ့ပျှော်ရွင်တဲ့ မိသားစုဖြစ်ဖို့
9:32 PM ချမ်းမြေ့ပျှော်ရွင်တဲ့ မိသားစုဖြစ်ဖို့ | |
![]() မိသားစုတစ်စုကိုကြည့်မယ်ဆိုရင် အဲ့ဒီ့ မိသားစုဟာ သူတို့နေထိုင်တဲ့ အိမ်ဂေဟာလို့ပဲ တွေ့ကြုံရတဲ့ ပြင်ပြုပြင်စရာတွေကို အမြဲမပြတ် သတိထား ကြည့်ရှုပြီး ပြုပြင်နေဖို့လိုတယ်ဆိုတာ ပထမဦးဆုံးတွေ့ ရပါမယ်။ အိမ်နံရံမှာ တွေ့တဲ့ အက်ကြောင်းကလေးတွေကို ချက်ချင်း မပြုပြင်လို့ရှိရင်အဲ့ဒီအက်ကြောင်းဟာ တစ်စတစ် ပိုကြီးလာပြီး ပြင်ပကလေတွေနဲ့ မိုးတွေဝင်လာနိုင်ပါတယ်။ အဲ့ဒီလိုပဲ မိသားစုတစ်စုအတွင်း မှာ တစ်ဦးနဲပ တစ်ဦး အထင်လွဲမှားစရာ၊ စိတ်ဝမ်းကွဲစရာသံသယတွေရှိလာပြီဆိုရင် အချိန်မဆိုင်းဘဲ မျက်နာစုံညီတွေ့ဆုံပြီး အမြန်ဆွေးနွေး ဖြေရှင်းရပါမယ်။ အဲ့ဒီ အခြေအနေကို သတိပြုမိရင်ဖြစ်ဖြစ်၊ သတိမပြုမိတာတောင် မဖြေရှင်းဘဲ ထားရင် ဖြစ်ဖြစ် အဖုအထစ် အသေးကလေး ကနေ အဖုထစ်အလုံးကြီးဖြစ်လာပြီး ပြဿနာပေါ်လာပါလိမ့်မယ်။ ပြဿနာအဆင့်ကိုရောက်တော့မှ ဖြေရှင်မယ်ဆိုရင်ပိုပြီး ခက်ခဲတတ်ပါတယ်။ တစ်ချိန်ထည်းမှာ ပြင်ပက မလိုတမာ စိတ်ထားရှိသူတွေရဲ့ ကြားဝင်နှောက်ယှက်မှုတွေကို လည်း မလွဲမသွေ တွေ့ကြုံရတတ်ပါတယ်။ မိသားစုတစ်စုရဲ့ ချမ်းမြေ့ပျှော်ရွှင်ရေးဟာ အဲ့ဒီမိသားစုမှာ ပါဝင်တဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့အသေး အမွှား ကိစ္စကလေးတွေကို ဂရုတ စိုက် ဆောင်ရွက်မှုအပေါ်မှာ ရာခိုင်နှုန်းတော်တော်များများ မူတည်နေပါတယ်။ အဲ့ဒါတွေ ကတော့ အရာရာကို သူ့သဘာဝအရ ရှိသင့်တဲ့ အတိုင်း အတာအရ စနစ်တကျ ရှိစေမှု ။ မိသားစုဝင်တိုင်း နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာရှိစေမှု ဘယ်နေရာမဆို ပုံမှန် ဆက်ဆံ ဆောင်ရွက် မှု ၊ရွှင်းလန်းတတ်ကြွမှု အစာအစားတွေ အရသာရှိရှိ စားသောက်ရမှု ၊ နှစ်လိုဖွယ် ရာပြောဆိုတတ်မှု တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကို အသေးအမွှားဆို ပြီး အလေးမထား မိတာမျိုး မလုပ်ပါနှင့် အဲဒါတွေ ဟာ မိသားစုရဲ့ နေ့စဉ် ချမ်းမြှေ့ပျှော်ရွင်မင ကို အလှဆင်ပေးတဲ့ အဆင်တန်ဆာတွေပါပဲ ၊ အဲ့ဒီအဆင်တန်ဆာတွေ့ နဲ့ ကင်းတဲ့ မိသားစုဟာ စိတ်ပျက်ငြီးငွေ့ဖွယ် ကောင်းတဲ့စက် ရုပ်ဆန် ဆန် လှုပ်ရှားနေရတဲ့ ဘ၀ကို တဖြည်းဖြည်းနဲ့ လျှော့ကျသက်ဆင်း သွားပါလိမ့်မယ်။ မိသားစုတစု အတူတူနေထိုင်ကြတဲ့ နေရာဆိုတာဟာ ဆင်ခြင်တုံးတရား ရှေ့ဆောင်တဲ့နေရာ ဖြစ်ရမယ် ။ လူတိုင် စိတ်သလောထား မှန်ကန်ပြီး ရွှင်လန်း တတ်ကြွနေရပါမယ် ။ လှိုက်လှဲ တဲ့ အပြုံး တွေ ကိုယ်စီကိုယ်ငှရှိကြပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ရိုင်းပင်းမှုရှိရပါမယ်။ သားမန်အားဖြင့်တော့ အိမ်ဆိုတာ အလုပ်တွေ ကို ပင်ပင်ပန်းပန်း လုပ်ရတဲ့ နေရာတစ်ခု မဖြစ်သင့်ပါဘူး ။ ပြင်ပမှာ အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ကိုင်ပြီးတော့ အိမ်ပြန်ရောက်တဲ့ အခါ တစ်နေကုန် ပင်ပန်းခဲ့သမျှကို အတိုးချပြီး စိတ်လွတ်ကိုယ်လွတ် အနားယူတဲ့နေရာ ဖြစ်ရပါမယ်။ အနားယူတယ်ဆိုတာက ကျွန်တော်တို့ ချစ်ခင်တဲ့ သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံပြိး အပူအပင် အကြောင်းအကြကင်းတဲ့စကား တွေကို ပြောတာ ရယ်စရာ တွေပြောပြီး လွတ်လွတ်လပ်လပ်ရယ်မောကြတာကို ဆိုလိုတာပါ။ အိမ်ပြန်ရောက်တဲ့ အခါ ဘယ်သူနဲ့မှ စကားမပြောဘဲ အိပ်ရာထဲ ၀င်ပြီး လှဲနေမယ်ဆိုရင် အဲ့ဒီလူဟာ ကံဆိုးသူတစ်ယောက်ပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ်ရင် ကြီးမှားတဲ့ အမှားယွင်းမှု တစ်ခုခု ရှိနေပဲ ဖြစ်ဖြစ် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီလို လူမျိုးတွေ နေထိုင်တဲ့ အိမ်ဟာ မိသားစု တစ်စု နေထိုင်နေတဲ့ အိမ်ဖြစ်တာတောင် လူတစ်ယောက်မှ မရှိတဲ့ အိမ်လွတ်တစ်ခုလို ဖြစ်နေပြီး ပျှော်ရွှင်ချမ်းမြှေမှုဆိတ်သုန်းတဲ့နေရာ ပဲဖြစ်ပါလိမ်မယ်။ | |
|
Total comments: 0 | |