Main » 2014 » February » 13 » Valentine's Day ဖြစ်ပေါ်လာပုံ
8:11 PM
Valentine's Day ဖြစ်ပေါ်လာပုံ
Valentine's Day
Valentine's Day ရောက်ပြီးဆိုတော့ ချစ်ကြသူတွေ ပျော်နေကြမှာပေါ့.။ ရည်းစားမရှိတဲ့သူ တွေကတော့
ချောကလက် မစားရလို့ မှိုင်ချင်လဲ မှိုင်နေကြမှာပေါ့နော်.. :)
အမှန်တော့လည်း မဆိုင်ပါဘူးလို့ ကျွန်တော် တော့ထင်တာပဲ .. ဗျ...
ချစ်သူများနေ့ ရောက်လာပြီ ...သူများတွေက ချစ်သူများနေ့ ဆိုတော့

ငါတို့ လည်း ချစ်သူများနေ့ပေါ့လို့ လိုက်ပြီးချစ်သူများနေ့လုပ်ကြမယ် သူတွေ့လည် ရှိချင်ရှိမှာပေါ့ဗျာ..
အမှန်တော့ ချစ်ကြသူတွေ အရူးထတဲ့နေလို့ ထင်တာပါပဲ ..လူတိုင်းလူတိုင်း အချစ်နဲ့တွေ့ရင်ရူးသွားကြတယ်တဲ့
ရူးလည်းရူးသင့်ပါတယ်လေ..စကားတွေ အရမ်းများနေပြီးနေတူတယ်..
အမှတ်တရအနေနဲ့ ပါ.. ချစ်သူများနေ့ ဘာကြောင့်ဖြစ်လာတယ် ဆိုတာကို

ပြောပြချင်လို့ .. .မြန်မာသမိုင်းတော့မဟုတ်ဘူးပေါ့နော်.ကမ္ဘာသမိုင်းလို့တော့ ပြောလို့ရမယ်။
ဒီလိုဗျ...အေဒီ(၃)ရာစုလောက်က ရောမမြို့မှာ  ကလောဒီးယပ်စ်(Claudius) လို့ ခေါ်တဲ့ စစ်ဘုရားတစ်ပါးရှိခဲ့တယ် တဲ့။ Claudius

က စစ်အင်အားတွေ စုဆောင်း ပြီးတော့ နယ်မြေအသစ်တွေကို ကြီစိုးခဲ့တယ် ဆိုပဲ ။ သူလက်ထက်မှာ Britain (ဗြိတိန်)

နိုင်ငံဟာ ရောမအင်ပါယာအောက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ် တဲ့ဗျာ..။  Claudius က အမြဲတမ်း နယ်ချဲ့ရင်း စစ်တွေပဲ

တိုက်နေတော့ နိုင်ငံထဲမှာ ရှိတဲ့ယောက်ျားတွေက စစ်ထဲ

မ၀င်ချင်ကြတော့ဘူးတဲ့ ..။ ဒီလိုနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကိုရောက်လာခဲ့တာပေါ့။ အဲဒီတိုက်ပွဲမှာ ရောမ စစ်သည်တွေဟာ

အသေအပျောက်များခဲ့တယ် တဲ့။ ဒီတော့ စစ်အင်အားကို တိုးချဲ့ချင်တဲ့ Claudius

ကစဉ်းစားတယ် စစ်သားတွေဟာ အိမ်ကိုပဲ သတိရစိတ်များပြီး စစ်မတိုက်ချင်ကြတော့ပဲ ဇနီးမယားတွေနဲ့ပဲ နေချင်ကြတဲ့ အတွက်

သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲကို ၀င်ကြလိမ့်မယ်လို့ တွေးလိုက်မိသတဲ့ ။

ဒါကြောင့် သူ့နိုင်ငံမှာ ရှိတဲ့ လူပျိုတွေအကုန်လုံးကို အိမ်ထောင်မပြုရ

အမိန့်ထုတ်လိုက်တယ်ပေါ့..။ လူငယ်တွေ အတွက်တော့ အရမ်းရက်စက်တဲ့

ဥပဒေပေါ့။ ဘယ်ဘုန်းတော်ကြီးက မှ မင်္ဂလာမဆောင်ပေးရ အမိန့်ပေးထားတယ်ပေါ့..။ အဲဒီအထဲမှာ

Claudius ရဲ့ အမိန့်ကို ဆန့်ကျင်တဲ့ ဘုန်းတော်ကြီးတစ်ပါ ထွက်ပေါ်လာခဲ့တယ်။ နာမည်က Saint

Valentine လို့ခေါ်တယ် တဲ့ ။ အဲဒီ ဘုန်းတောကြီးက တင်းကြပ်တဲ့ ဥပဒေတွေတားမြစ်ထားပါရဲ့ နဲ့  

လက်ထပ်ပွဲတွေကို ကောင်းချီးပေးသတဲ့။ သိုသိုသိပ်သိပ်နဲ့ စီစဉ်ပေးခဲ့တယ်။ သူ့ရဲ့ သီးသန့်အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေး ထွန်းပြီး မင်္ဂပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သူရယ် သုံးယောက်သာရှိတဲ့ မင်္ဂလာပွဲကို လျှို့ဝှက်စွာ ကျင်းပကြတယ် တဲ့ ။  

တစ်ညမှာတော့ သတင်းပေါက်ကြားသွားပြီး မင်္ဂလာပွဲကျင်းပချိန်မှာ ၀င်ဖမ်းကြတယ် ပေါ့..။ မင်္ဂလာဆောင်နေကြတဲ့

ဇနီမောင်နှံကတော့ လွတ်သွားပေမယ့် St.Valentine ကတော့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး သေဒဏ်ချမှတ်ခံလိုက်ရတယ်ပေါ့ဗျာ..

သူဝမ်းမြှောက်သွားတာ တစ်ခုက တော့ သူထောင်ထဲမှာ ရှိနေစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေက ထောင်ထဲကို လာတွေ့ကြတယ် သူ့ရဲ့

ထောင်ပြတင်းပေါက်နားမှာ ပန်းတွေကြဲကြတယ်။ မှတ်စုလေးတွေ ရေးကြသတဲ့ ။ ပြီးတော့ သူလုပ်ခဲ့တာ မှန်တယ် လို့ လူငယ်တွေ က

ထောက်ခံပြောဆိုကြတယ်။  သူတို့ တွေဟာ အချစ်ကို ယုံကြည်ကြကြောင်းလည်း ပြောကြတယ်တဲ့ ။ အဲဒီထဲမှာ

ထောင်မှူးကြီးရဲ့သမီးလည်း ပါတယ် ဆိုပဲ ။ ထောင်မှု ကြီးက ခွင့်ပြုထားတာကြောင့် သူမ က အခန်းထဲမှာ လာတွေ့ခွင့်ရတယ်

စကားတွေ အများကြီးလဲ ပြောခွင့်ရခဲ့တယ် ။ အားပေးစကားတွေပြောခွင့်ရခဲ့တယ် ။ နောက်ဆုံး St.Valentine က

သူသေခါနီးမှာ သူမ ရဲ့ ခင်မင်မှု သစ္စာရှိမှု အားပေးမှုတွေကို ကျေးဇူးတင်တဲ့ အနေနဲ့

"Love from your Valentine " ဆိုတဲ့ မှတ်စုတိုလေးတစ်စောင် ကို ထောင်မှူးကြီးရဲ့ သမီးအတွက်

ရေးပေးခဲ့တယ် တဲ့..။ အေဒီ 269 ခုနှစ် ဖေဖော်ဝါရီလ 14 ရက်နေ့မှာ သူ့ကို

အဆုံးစီရင်လိုက်ကြတယ် တဲ့ ။ ချစ်သူများအတွက် အသက်ပေးသွားတဲ့ ဘုန်းတော်ကြီး St. Valentine ကို

လူငယ်တွေက ဂုဏ်ပြုကြတဲ့ အတွက် သူ့ကို အဆုံးစီရင်တဲ့ နေ့ကို Valentine's Day နေ့ (၀ါ) ချစ်သူများနေ့ လို့

သတ်မှတ်လိုက်ကြတယ် တဲ့ ဗျာ..။ ဒီလိုနဲ့ ချစ်သူများနေ့ဆိုတာ ပေါ်ပေါက်လာပြီး ယနေ့ ထိ ဒီနေ့

ဖေဖ၀ါရီ (၁၄)ရက်နေ့ကိုရောက်တိုင်း သူ့ကို ဂုဏ်ပြုရင်း အရူးထကြတာပေါ့ ဗျာ...။



တစ်ခြားသမိုင်းရှိသေးတယ်။ ဖတ်မိတာပါ။ သူတို့ ရေးထားတဲ့ အတိုင်း ပဲ

ပြန်ကူးပေးလိုက်တယ် ဗျာ..
အခြားသမိုင်း ကြောင်းတစ်ခုကတော့။ဘီစီ၎ရာစုခေတ်က  ရောမနိုင်ငံသားတွေဟာ လူပါကပ်စ်ဆိုတဲ့

နတ်ဘုရားကို အကြောင်းပြုပြီး ပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင်ခင် ဖေဖော်ဝါရီလ (၁၄)

ရက်နေ့မတော့ ရောမနတ်ဘုရားရဲ့ မိဖုရားဖြစ်သူ လက်ထပ်ထိမ်းမြားခြင်းရဲ့

နတ်ဘုရားဖြစ်တဲ့ ဂျူနိုကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲကျင်းပပါတယ်။ ဖေဖော်ဝါရီ (၁၅) ရက် ရောက်တော့မှ

နတ်ဘုရားဖြစ်တဲ့ လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသကြတာ ဖြစ်ပါတယ်။ အဲဒီနေ့ မှာတော့ အမျိုးသား နဲ့အမျိုးသမီး

လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားစီနေခဲ့ကြရတယ်။ အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့ လူငယ်များဟာ

ကံစမ်းမဲတွေ ကိုယ့်နာမည်ရေးပြီး မဲအနှိုက်ခံရပါတယ်။ အကယ်၍ မဲပေါက်တဲ့ အမျိုးသားကို သူပေါက်တဲ့

မဲနာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိ တစ်နှစ်လုံးလုံး အတူနေခွင့်ရှိတယ်။ ဒါကြောင့်

ဒီတစ်နှစ်လုံး အတူနေခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီး

မေတ္တာသက်မျှကြတယ်ပေါ့။ ဒါပေမယ့် နှစ်ပေါင်း ၈၀၀လောက် အဲဒီပွဲကို

ကျင်းပပြုလုပ်ခဲ့ကြပေမယ့်  နောက်ပိုင်းမှာတော့ ဘာသာရေး ဆိုင်ရာဘုန်းတော်ကြီးများက ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။

ဒါကြောင့် ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာကို ကျင်းပခဲ့တယ်လို့ယူဆခဲ့ရပါတယ်။


 

ဒါ့အပြင် အချို့အချို့သော

သူတွေကလည်း ချစ်သူများနေ့ဆိုတာ

ဧဒင်ဥယျာဉ်ထဲက ပန်သီးကို အာဒံ က ဧဝ

အတွက် ၀င်ခူးပေးတဲ့နေ့ လို့လဲ

ပြောကြပြန်ပါသေးတယ်။ အာဒံ ပာာ

နတ်ဆိုးတစ်ကောင် ရဲ့ လှုံ့ဆော်မှုကြောင့်

ဘုရားသခင်တားမြစ်ထားတဲ့ ပန်းသီးကို

ဝင်ခူးပြီးတော့ ဧ၀ ကိုကျွေးခဲ့ပါတယ်။

အဲဒီကတည်းက စလို့လူတွေမှာလဲ

အချစ်စိတ်တွေ

စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါ့ကြောင့်

အာဒံ ပန်းသီးဝင်ခူးတဲ့နေ့ကို

ချစ်သူများနေ့ လို့

သတ်မှတ်ကြတယ်လို့လဲသိရပြန်ပါတယ်။

ချစ်သူများနေ့မှာ ပျော်ရွင်ကြပါစေလို့ ဆန္ဒပြုရင်း ...


Credit to : Myo Kyaw Thu
Category: စာစုလေးများ | Views: 447 | Added by: မျိုးကျော်သူ | Tags: Valentine's Day | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: