Main » 2014 February 11 » ပြန်လည် ကိုးကား ရေးသားနိုင်မယ့် အကောင်းဆုံး Valentine Day’s စကားလုံးများ
10:30 AM ပြန်လည် ကိုးကား ရေးသားနိုင်မယ့် အကောင်းဆုံး Valentine Day’s စကားလုံးများ | |
![]() ၁။ ရူးသွပ်မှု မဟုတ်ဘူးဆိုရင် အဲ့ဒါ အချစ်မဟုတ်တော့ဘူး။ "When love is not madness, it is not love.” Pedro Calderon de la Barca (စပိန် ပြဇာတ်ဆရာ ၁၆၀၀-၁၆၈၁) ၂။ "Valentine လောက်ကြီးမြတ်တဲ့ သူတော်စင် ရှိတော့မှာ မဟုတ်ဘူး။” "I claim there ain’t another Saint as great as Valentine.” Ogden Nash (အမေရိကန် ကဗျာဆရာ ၁၉၀၂-၁၉၇၁) ၃။ မင်းအတွက်ပါဆိုတဲ့ ကိုယ့်အချစ်တွေအားလုံးကို သယ်ဆောင်ဖို့ဆိုရင် ရာနဲ့ချီတဲ့နှလုံးသားလည်း နည်းသေးတယ်။ "A hundred hearts would be too few to carry all my love for you.” Unknown ၄။ "ပင့်သက်ရှိုက်သံ အခိုးအငွေ့တွေနဲ့ အလျှင်အမြန်ကူးလူးမှုဟာ အချစ်ဖြစ်တယ်။” (ရင်ဖိုလှိုက်မောနေရတာဟာ အချစ်ဖြစ်တယ်။) "Love is a smoke made with the fume of sights.” William Shakespeare (အင်္ဂလိပ် ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ သရုပ်ဆောင် ၁၅၈၂-၁၆၁၆) ၅။ ကိုယ်နဲ့အတူ ကြီးပြင်းပါ။ (အိုးအောင်မင်းအောင် ပေါ့။) အကောင်းဆုံး ဖြစ်ရမယ်။ "Grow old with me! The best is yet to be.” Robert Browning (အင်္ဂလိပ် ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ ၁၈၁၂-၁၈၈၉) ၆။ အချစ်ဆိုတာ လူနှစ်ယောက် ပါဝင်ကစားနိုင်ပြီး နှစ်ယောက်စလုံး နိုင်နိုင်တဲ့အရာ။ "Love is a game that two can play and both win.” Eva Gabor (ခေတ်ဆန်တဲ့ အသိုင်းအ၀ိုင်းမှာ ရေပန်းစားသူ၊ အမေရိကန် မင်းသမီး ၁၉၁၉-၁၉၉၅) ၇။ အချစ်စစ် ဇာတ်လမ်းတွေဟာ ပြီးဆုံးရိုး ထုံးစံမရှိဘူး။ "True love stories never have endings.” Richard Bach (အမေရိကန် စာရေးဆရာ ၁၉၃၆-၁၉၉၉) ၈။ အချစ်ဆိုတာ ခံစားမှုကဗျာ။ "Love is the poetry of the senses.” Honore de Balzac (ပြင်သစ် ၀တ္ထုရေးဆရာ၊ ပြဇာတ်ရေးဆရာ ၁၇၉၉-၁၈၅၀) ၉။ အချစ်ဆိုတာ နှစ်ယောက်သား အရူးထခြင်းပါပဲ။ "Love is being stupid together.” Paul Valery (ပြင်သစ် ကဗျာဆရာ၊ အက်ဆေးရေးသူ၊ တွေးခေါ်ပညာရှင် ၁၈၇၁-၁၉၄၅) ၁၀။ ငါ့နှလုံးသားကို မင်းဆီအပ်နှင်း၊ မင့်နှလုံးသားလည်း ပြန်ပေးပါ။ ဒို့နှလုံးသားတွေကို အတူတွဲ သော့ခတ်သိမ်းကြမယ်လေ။ ပြီးရင်တော့ သော့ကို ၀ဲပလိုက်ပါလေ။ "My heart to you is given; Oh, do give yours to me; We’ll lock them up together, And throw away the key.” Frederick Saunders Ref:brainz.org trend myanmar | |
|
Total comments: 0 | |