Main » 2014 » February » 7 » Registry ဆိုတာ ကြောက်စရာလား
9:16 PM
Registry ဆိုတာ ကြောက်စရာလား

Registry Editor ကိုသုံးဖို့ရာ Start > Run > regedit (run box မှာ regedit လို့ထည့်ရိုက်ပါ။) Regedit (Registry Editor) ကိုဆိုလိုပါတယ်။

၁။ Windows Registry ထဲဝင်ပြီး ဗြောင်းဆန်အောင် မွှေနှောက်ဖို့ရာ ကျွန်တော်တို့မှာ ကျွန်တော်တို့မှာ စွမ်းအားမရှိပါ။

Registry ဆိုတာ လက်တွေ့ မမြင်နိုင်ပေမယ့် ပျားအုံးကြီး တစ်ခုလို တည်ဆောက်ထားတာပါ။ ပျားတွေကထိတာနဲ့တုပ်ဖို့ အဆင်သင့် ဆိုပါတော့။ Registry ရဲ့ တည်ဆောက်ပုံအခြေခံကိုနားလည်ထားရင် ထိရဲ၊ ပြင်ရဲမှာပါ။ Registry မှာ အဓိက အစိတ်အပိုင်း နှစ်ခုကတော့ HKEY_LOCAL_MACHINE and HKEY_USERS တို့ဖြစ်ပါတယ်။

HKEY_LOCAL_MACHINE ကတော့ ကွန်ပြူတာမှာ တပ်ဆင်ထားတဲ့ (သို့) တပ်ဆင်နိုင်တဲ့ စက်ပစ္စည်း အစိတ်အပိုင်းများနဲ့ပတ်သက်တဲ့ အချက်အလက်များကို ထိန်းချုပ်သိမ်းဆည်းထားတဲ့ စက်ခန်းဖြစ်ပါတယ်။

HKEY_USERS ကတော့ ကွန်ပြူတာ အသုံးပြူသူနဲ့ ပတ်သက်တဲ့ သီးခြား အချက်အလက်များကို သိမ်းဆည်းပါတယ်။

အခြား Key များတွင် အထက်ပါအုပ်စုနှစ်ခုအတွင်း လုပ်ဆောက်ချက်များရှိပါသည်။

၂။ Registry ပြင်မယ်ဆိုရင် Registry ကိုအရင် backup လုပ်ပါ။

Registry တွင် သင်ဝင်ပြင်သမျှ အလိုအလျောက် save လုပ်နေသည်ကို သတိပြုပါ။ အမှားတွေလုပ်လိုက် တာကိုလည်း save လုပ်လိုက်မှာပါ။ ကိုယ်က save ခလုတ်ကို နှိပ်စရာမလိုဘဲ save လုပ်နေတယ်ဆိုတော့ ကြံဖန်ပြီး ကျေးဇူးတင်သင့်ပါတယ်။ ဒါပေမယ့် အမှားတစ်ခုခု လုပ်ပြီးရင် ပြန်ဖြည့်တဲ့ Undo ခလုတ် သို့မဟုတ် Undo လုပ်ဆောင်ချက် မပါဘူးဆိုရင် ထိတ်လန့်စရာမလိုပါ။ ဆိုလိုရင်းကတော့ Registry ကို backup လုပ်ထားဖို့ပါ။ Backup လုပ်ပုံကတော့ File/Export … ကို click လုပ်ပါ။ Backup (Registration Files(*.reg) များကို သိမ်းမည့်နေရာကို ရွေးချယ်ပြီး အမည်ပေးပါ။ ထို့နောက် Export range တွင် All ကို Click လုပ်လိုက်ပါ။ သင်သိမ်းလိုသည့်နေရာတွင် Registration back ဖိုင် တစ်ဖိုင်ကိုတွေ့ရပါလိမ့်မည်။

၃။ Registry file extension ကိုပြောင်းလဲခြင်းဖြင့် ရှိထားပြီး Settings များကို မတော်တဆ overwrite ဖြစ်ခြင်းမှ ကာကွယ်ခြင်း

Registry ကိုပြင်ရာတွင် မြန်ဆန်သောနည်းလမ်းတစ်ခုမှာ သင်ပြောင်းလိုသည့် သို့မဟုတ် ပေါင်းထည့်လို သည့် အချက်အလက်များ အတွင်း Registry key တွင် ပါဝင်သည့် REG ဖိုင်ကို Double click နှိပ်ခြင်းပင်ဖြစ်သည်။ ၄င်းသည် Registry သို့ new key အဖြစ် အလိုအလျောက် ဖြစ်သွားပါလိမ့်မည်။ အကယ်၍ ရုံးတစ်ရုံးရှိ အများစု ကိုင်တွယ် အသုံးပြုသည့် ကွန်ပြူတာများတွင် စီမံလိုပါက စက်အားလုံးသို့လည်း Registry ကိုအမြန်ဆုံး ပြောင်းပေးနိုင်ပါသည်။ Regedit ၏ export file extension သည် (*.reg) ဖြစ်ပါသည်။ သို့ရာတွင် ၎င်း file extension ကို သင့်အနေနှင့်ပြောင်းနိုင်ပါသည်။ ဤနည်းဖြင့် လက်ရှိ Registry ကိုမတော်တဆ အစားထိုးရေးသားခြင်းမှ ကာကွယ်နိုင်ပါသည်။

Registry ကိုပြင်ဆင်ဖို့ချဉ်းကပ်ရာ မတော်တဆ ဖျက်မိတာမျိုးကို ကာကွယ်ရန် နောက်နည်းလမ်းတစ်ခုရှိပါ တယ်။ HKEY_CLASSES_ROOT\regfile\shell ကိုရှာပြီး data တန်ဖိုးကိုပြောင်းခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က My Computer ကိုဖွင့်ပြီး Tools/Folder Options/File Types ကိုရွေးချယ်ပါ။ ထို့နောက် REG (Registration Entries) ကို select လုပ် ရွေးပြီး Advanced ခလုတ်ကို click လုပ်ပါ။ နောက်ထပ် ပေါ်လာတဲ့ box မှာ Edit ကိုရွေးချယ်ပြီး Set Default ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင်အနေနဲ့ REG file တစ်ဖိုင်ကို Double click နှိပ်လိုက်တိုင်း Notepad ပွင့်လာပြီး အဲဒီဖိုင်ရဲ့ အချက်အလက်များ ပြသထားတာတွေ့ပါမယ်။ REG file ကို right click (mouse click) နှိပ်ပြီး Merge ကို ရွေးချယ်ခြင်းဖြင့် ကွန်ပြူတာရဲ့ Registry ထဲ့သို့အချက်အလက်များပေါင်းထည့်ပြီး ဖြစ်ပါတယ်။

၎။ ရှာရတာ အဆင်မပြေ၊ ကိုးရိုးကားရား နိုင်လှပါတယ်။

Registry ကိုစုစည်းဖို့ရာ နည်းလမ်းရှိပါတယ်။ ဒါပေမယ့် ရှုပ်ထွေးလှပါတယ်။ ဖိုင်တွေကို တိုက်ရိုက် မထိတွေ့ပေမယ့် သွားပြင်တာမျိုး လည်းဖြစ်တတ်ပါတယ်။ မှန်ကန်တဲ့ key ကိုရှာဖို့ရာ Edit/Find (Ctrl+F) ကိုရွေးချယ်ကြည့်ပါ။

၅။ လုံခြုံစိတ်ချစွာပြောင်းနိုင်တဲ့ Tools တွေလည်း သီးခြား ပေးထားပါတယ်။

ဖိုင်များ လုံခြုံစိတ်ချစေဖို့ နည်းလမ်းများကို အမြဲရှာနေပါသလား။ Control Panel မှာ Tools တွေအများကြီးဖော်ပြပေးထားပေးပါတယ်။ Window system properties ရှိ File များကို မထိခိုက်၊ မပျက်စီးစေဘဲ ပြင်နိုင်တဲ့ Tools တွေကို ပေးထားပါတယ်။ တစ်ခုခုအမှားပေါ်တိုင်း Registry ကိုသာပြင်ရမယ်လို့မတွေးဖို့ပါ။ သီးခြား Software များမှာ Setting တွေကို ပြောင်းတိုင်း Registry မှာပြင်ပေးပါတယ်။ Regedit ကိုမသုံးဘဲ အဲဒီ Software ရဲ့ Preference မှာပြင်ဆင်နိုင်ပါတယ်။

၆။ Registry back up ကော်ပီတစ်ခုကို ပြင်ပချိတ်ဆက် ပစ္စည်းတစ်ခုခုနဲ့ သိမ်းထားသင့်ပါတယ်။

Registry ထဲသို့ဝင်၍ ပြင်လိုက်စဉ် အမှားနည်းနည်း၊ သေးသေးလေး လုပ်မိသည်ဆိုသည့်တိုင် windows ကပြန်မတတ်တော့ပါ။ Windows တက်မလာမှတော့ Restore point ဆိုတာကိုလည်း ဘယ်လိုမှ လုပ်မရတော့ပါ။ Hard Disk ပဲ လုံးဝပျက်သလိုလို ထင်မိမှာပါ။ ဒီလို အခက်အမျိုးမှာ CD, external hard drive လိုပြင်ပ ချိတ်ဆက်တဲ့ ပစ္စည်းကို ပြန်သုံးပြီး hard disk ကိုစစ်နိုင်သလို Restore လည်းလုပ်နိုင်ပါတယ်။ Registry backup တွေကိုပြင်ပ ချိတ်ဆက် ပစ္စည်းတစ်ခုခုနဲ့ သိမ်းခြင်းဖြင့် ကွန်ပြူတာကို ပြန်ကယ်တင်နိုင်ပါတယ်။

၇။ Registry မှာတစ်ခုခုမှားနေပြီဆိုတာကိုသိတာနဲ့ Restore လုပ်ဖို့နည်းလမ်းတွေ အများကြီးပါ။

System Restore point ကိုပြန်လည် ဖော်ဆောင်ခြင်းဖြင့် Registry ရဲ့ စောစောပိုင်း အနေအထားကို ရနိုင်ပါတယ်။ သို့ဖြစ်၍ သင့်အနေနဲ့ System restore လုပ်ရသည်ကို အလုပ်ရှုပ်တယ်လို့ မတွေးဘဲ မှတ်မှတ်ရရ ပြုလုပ်ထား သင့်ပါတယ်။ Registry ကို ပြင်ဖို့အကြောင်းပေါ်ပေါက်တာနဲ့ restore point ကိုသတ်မှတ်ပါ။ ပြီးမှ Registry ကိုပြင်ပါ။

၈။ Regedit နဲ့ပြင်လိုက်ရုံနဲ့ အမှားတွေမရှိတော့ဘူးလို့မထင်ပါနဲ့။

ဖိုင်တစ်ဖိုင်ကို မတော်တဆ ထိမိ၊ ပြင်မိလို့ ရုတ်တရက် အမှားတွေ ပေါ်လာတာတွေ၊ ဘာလုပ်မိမှန်း မသိလိုက်ဘဲ အမှားပေါ်လာတာတွေအတွက် Registry ကိုပြင်ရုံနဲ့ ပြီးမသွားပါ။ ကိုယ်တိုင် မပြင်ဘဲ Registry Cleaners လို သီးခြား Software သုံးပြီးပြင်ရ မျိုးလည်း ရှိပါတယ်။ Registry Cleaners software များစွာရှိလို့ မည်သည့် software ကပိုကောင်းပါမယ်ဆိုတာ လေ့လာထားသင့်ပါတယ်။

၉။ လုပ်ငန်းစဉ်တွေမှာ မရည်ရွယ်ဘဲ ဖြစ်နေကျအတိုင်း ဖြစ်နေတာတွေ အများကြီးပါ။

ကွန်ပြူတာကို စသုံးကတည်းက အဆင်မပြေတာတွေ၊ မသိတာတွေများနေလို့ဟန်မကျ ဖြစ်နေတယ်လို့ ထင်ပါတယ်။ အများအားဖြင့် Registry ထဲဝင်ပြီး Registry keys များကို ပြင်ကြပါတယ်။ အဲဒီလို ပြင်ကာမှ ပိုကောင်းမလာဘဲ ပိုဆိုးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ Error Message ပေါ်ရင်သေချာစွာဖတ်ပြီး Registry မှာပြင်သင့်တာလား၊ Control Panel ထဲဝင်ပြီး ပြင်ရမှာလား၊ windows CD ပြန်တင်ရမှာ ဆိုသည် ကိုဆုံးဖြတ်ရပါမယ်။

၁၀။ Offline Backup ကိုလည်း ပုံမှန်လုပ်ထားသင့်ပါတယ်။

Window backup သည် system ၏ အရေးကြီးသော Setting များကိုရွေးပြီး သိမ်းပေးတာပါ။ ၎င်းတွင် registry, boot files များနဲ့ အခြားအရေးပါတဲ့ စနစ်ဖိုင်များပါဝင်ပါတယ်။ ထိုသို့ backup လုပ်ဖို့ရာ Tools/Backup Wizard/Next ကိုဆက်နှိပ်ပြီး Only back up the System State data ကို ရွေးချယ်လိုက်ပါ။

၁၁။ Windows version အမျိုးမျိုးတွင် registry များထပ်တူထပ်မျှ မတူကြပါ။ ကိုယ်သုံးနေတဲ့ Windows version ကဘာဆိုတာရယ်၊ registry မတူပုံရယ်တို့ကို ရှာဖွေလေ့လာပါ။

Windows System တိုင်းမှာ Registry လုပ်ငန်းစဉ်ပါရှိပါတယ်။ ၎င်းတို့သည် version မတူတာနှင့်အမျှ အနည်းငယ်စီ ခြားနားကြပါတယ်။ သို့ဖြစ်၍ registry သို့ဝင်ပြီး ဖြေရှင်းရတဲ့ အကြောင်းအရာတွေမှာ ရေးထားတာနဲ့ မတူတာမျိုးတွေ ဖြစ်ဘူးကြမှာပါ။ ဒီတော့ ကိုယ်အသုံးပြုတဲ့ version ကဘယ်လောက်လည်းဆိုတာကို သိထားဖို့ လိုပါတယ်။ နောက်ပြီးတော့ Registry ဘယ်လိုမတူတတ်ပုံကိုလည်းအကြမ်းသဘောသိထားဖို့လိုအပ်ပါတယ်။

၁၂။ Registry မှာပြင်ချင်တာပြင်နိုင်တယ်။ ဒါပေမယ့် သတိတော့ထားရပါမယ်။

Registry ထဲဝင်ပြီး ပြင်လို့ရအောင် Window system ကခွင့်ပြုပြီးသားပါ။ ဒါပေမယ့် စာလုံးတစ်လုံး လွဲမှားတာနဲ့ window system ကိုထိခိုက်စေနိုင်ပါတယ်။ Backup Drive လုပ်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ကွန်ပြူတာမှာ tweaks လို့ခေါ်တဲ့ ပြင်ဆင်ချိန်ညှိထားရင်လည်းကောင်းပါတယ်။

DOUBLE-PLANE VIEW : ၎င်းသည် Windows Explorer ကိုဖွင့်ရင်မြင်ကွင်းရဲ့ ဘယ်ဘက်မှာ Folders bar ကိုပြပေးထားပါတယ်။ ထိုသို့ပြသပေးထားရန် HKEY_CLASSES_ROOT\Folder\shell\open\ddeexec ကိုအဆင့်ဆင့်ဖွင့်ပါ။ နောက်ညာဘက်မြင်ကွင်းထဲက Default ကို mouse click လုပ်ပြီး data ရဲ့ ViewFolder ("%1”,%1,%S) တန်ဖိုးကို explorefolder("%1”,%1,%S) သို့ပြောင်းပေးပါ။ နောက်တစ်ချက်က Open With (prompt) ကိုလမ်းလွှဲပေးထားဖို့ဖြစ်ပါ တယ်။ သင်အနေနဲ့ ဘာမှန်းမသိတဲ့ ဖိုင်တစ်ဖိုင်ကိုဖွင့်ဖို့ကြိုးစားရာမှာ မန္တရာယ်များပါတယ်။ သို့ဖြစ်၍ Open With နဲ့ဖွင့်တာပိုကောင်းပါတယ်။ Window XP က file ကိုဖွင့်ဖို့ ဘယ်လို Program ကို ရှာချင်တာလည်းဆိုတာကို မေးပါတယ်။ ၎င်းအတွက် HKEY_CLASSES_USER\Software\Microsoft\Windows\CurrentVersion\Explorer သို့အဆင့်ဆင့်ဖွင်ပါ။ Explore ကို right click နှိပါပြီးပေါ်လာတဲ့ pop-up menu ကနေ New > DWORD Value ကိုရွေးချယ်ပါ။ Value name အသစ်တစ်ခုပေါ်လာ ပါမယ်။ ၎င်းတွင် InternetOpenWith လို့အမည်ပေးလိုက်ပါ။

Windows Registry ကို အသုံးချရန် နည်းလမ်းများ

ဒီအပိုင်းမှာတော့ Windows User များအတွက် အလွယ်တကူ ပြုလုပ်ဖြေရှင်းနိုင်မယ့် အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Auto End to No Responding Programs

   မိတ်ဆွေတို့အနေနဲ့ Loading အရမ်းကြာတဲ့ Program တွေကို ဖွင့်မိရင်ဘဲဖြစ်ဖြစ်၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဘဲဖြစ်ဖြစ်၊ Program တွေ အလုပ်မလုပ်နိုင်ဘဲ No Responding ဆိုပြီး ပြနေတာကို တွေ့ဖူးကြမှာပါ။ အဲဒီလို No Responding ဖြစ်နေတဲ့ Program တွေကို Ctrl + Alt + Del သုံးပြီး ပိတ်စရာမလိုဘဲ မိမိ PC က Auto End လုပ်ပေးမယ့် နည်းတစ်ခုကို ပြောပြချင်ပါတယ်။ အကယ်၍ သုံးချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အတိုင်း Step by Step လိုက်လုပ်ပေးရုံပါပဲ။
၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။
၂။ Registry Editor ပေါ်လာတဲ့အခါမှာ HKey_Current_User\Control Panel\Desktop ကို သွားပါ။
၃။ ညာဘက် Task Pane ထဲက ဖိုင်တွေထဲမှာ AutoEndTask ဖိုင်ကိုရှာပါ။ တွေ့ရင် Double Click လုပ်ပါ။ Box ပေါ်လာတဲ့အခါ Value မှာ 1 ထားပြီး OK ကို Click လုပ်ပါ။
၎။ PC ကို Restart ပြန်လုပ်ပါ။
ဒါဆိုရင်တော့ ကိုယ် Run လိုက်တဲ့ Program တစ်ခုခုမှာ No Responding ဖြစ်နေရင် Windows Retistry က Auto End လုပ်ပေးပါလိမ့်မယ်။

၂။ Prevent Copying Data from your Hard Disk

   မိတ်ဆွေတို့ရဲ့ Computer ထဲက Data တွေကို ခွင့်ပြုချက်မရှိဘဲ အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံးကူးနိုင်တဲ့ နည်းကတော့ USB Drives တွေနဲ့ ကူးယူတာပါပဲ။ မိတ်ဆွေ တစ်နေ့လုံး၊ တစ်ပတ်လုံး၊ တစ်လလုံး၊ တစ်နှစ်လုံး ကြိုးစားလုပ်ကိုင် သိမ်းဆည်းထားတဲ့ ဖိုင်တွေဟာ ခဏလေး(စက္ကန့်ပိုင်းအတွင်း)နဲ့ သူများလက်ထဲ ရောက်သွားနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေကနေ ကာကွယ်ဖို့အတွက် Windows XP SP2 မှာ ကာကွယ်နည်းတွေ အဆင်သင့်ပါပြီးသားပါ။ Windows Registry ထဲမှာ ဝင်ပြင်လိုက်ရုံပါပဲ။ မိတ်ဆွေတို့အနေနဲ့ ကိုယ့်အတွက် အသုံးကျနိုင်လို့ ဝင်ပြင်ထားချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း Step by Step လိုက်လုပ်ပေးရုံပါပဲ။

၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။

၂။ Registry Editor ပေါ်လာတဲ့အခါမှာ HKey_Local_Machine\System\Current_Control_Set\Control ကို သွားပါ။

၃။ ညာဘက် Task Pane ထဲမှာ Right Click နှိပ်ပြီး Key အသစ်ကိုခေါ်ပါ။ အဲဒီမှာ StorageDevicePolicies လို့ရိုက်ပြီး နာမည်ပေးပါ။

၎။ StorageDevicePolicies ဆိုတဲ့ နာမည်နဲ့ ဘယ်ဘက်မှာ Folder ပုံစံပေါ်လာပါလိမ့်မယ်။

၅။ အဲဒီလို ပေါ်လာပြီဆိုရင်တော့ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ WriteProtect လို့ရိုက်ပြီး နာမည်ပေးပါ။

၆။ အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Click လုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။
(မှတ်ချက် - အမည်ပေးရာမှာ စာလုံးတစ်လုံးနဲ့ တစ်လုံး Space မခြားဘဲ ဖော်ပြထားတဲ့အတိုင်း အတိအကျ ရေးပေးရန် အထူးသတိပြုပါ။)

၇။ အားလုံးပြီးသွားရင်တော့ PC ကို Restart ပြန်လုပ်ပါ။

အဲဒီနောက် စက်ပြန်တက်လာတဲ့အခါမှာတော့ USB Drive နဲ့ မိတ်ဆွေတို့ရဲ့ စက်ထဲက Data တွေ၊ File တွေကို လုံးဝကူးယူလို့ မရတော့တာကို တွေ့ရပါလိမ့်မယ်။

၃။  To Clear Hidden Files and Folders

    Computer ထဲမှာရှိတဲ့ Hidden Files and Folders တွေကို Windows ရဲ့ Folder Option ကိုသုံးပြီး ကြည့်နိုင်တယ်ဆိုတာကိုတော့ မိတ်ဆွေတို့အနေနဲ့ သိရှိထားပြီးဖြစ်ပါလိမ့်မယ်။  ဒါပေမယ့် တစ်ခါတစ်ရံမှာ Folder Option နဲ့ ကြည့်လို့မရတဲ့ ဖိုင်မျိုးတွေလည်း ရှိတတ်ပါတယ်။  အဲဒီအခါမှာ Registry ထဲဝင်ပြင်မယ်ဆိုရင် Virus လို ဖိုင်မျိုးတွေကို အလွယ်တကူ မြင်တွေ့နိုင်၊ ရှင်းထုတ်ပစ်နိုင်ပါလိမ့်မယ်။  အောက်မှာဖော်ပြထားတဲ့အတိုင်း အတိအကျ လိုင်လုပ်ပေးရုံပါပဲ။

၁။  Start > Run > Regedit လို့ ရိုက်ပေးပါ။

၂။  HKey_Local_Machine\Software\Microsoft\Windows\Current Version\Explorer\Advanced\Folder\Hidden\SHOWALL  အထိ သွားပါ။

၃။  ညာဘက် Task Pane ထဲမှာ Right Click လုပ်ပြီး New DWORD ဖိုင်တစ်ခုကို ပြုလုပ်ပါ။ အဲဒီမှာ CheckValue လို့ရိုက်ပြီး နာမည်ပေးပါ။

၎။  အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Click လုပ်ပါ။ Value Data အတွက် 1 လို့ ရိုက်ပေးပါ။

၅။  Windows Folder Option ထဲက Show hidden files and folders ကို Click လုပ်ကြည့်ပါ။ မိတ်ဆွေတို့ရဲ့ စက်ထဲမှာရှိနေတဲ့ Spyware တွေ၊ Trojan တွေကို တွေ့ရပါလိမ့်မယ်။
Category: Registry အကြောင်းသိကောင်းစရာ | Views: 145 | Added by: မျိုးကျော်သူ | Tags: Registry | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: