Main » 2014 February 15 » ဘေးဒုက္ခရောက်တဲ့ အခါ
7:14 AM ဘေးဒုက္ခရောက်တဲ့ အခါ | |
![]() အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ရေတွင်းပျက်တခုထဲကို ခွေးပေါက်ကလေး နှစ်ကောင် မတော်တဆပြုတ်ကျသွား ခဲ့ပါတယ်။ သူ့ တို့ အမေကတော့ ရေတွင်းအနားပတ်လည် မှာ ပြေးလွှားပြီး ဟောင်နေခဲ့တယ်။ ခွေးတွေရဲ့ပိုင်ရှင်က ရေတွင်းထဲကို ငုံ့ ကြည့်လိုက်ချိန်မှာ King Cobra ဆိုတဲ့ မြွေဟောက်ကြီးတကောင်လည်း သည်ရေတွင်းပျက်ထဲ မှာရှိနေပြီး ခွေးပေါက်ကလေးတွေကိုလည်း မည်သည့် ချိမ်းခြောက်နှောက်ယှက်မူမျှ မပြုလုပ်ပါ၊ သည့်အပြင် - ရေတွင်းထဲမှာ ရေတက်လာရင် ခွေးလေးတွေရေနစ်မှာ စိုးတဲ့အတွက် မြွေဟောက်ကြီးက ခွေးလေးတွေကို ရေတွင်းရဲ့အခြားတဘက်ကိုလည်း သွားခွင့်မပေးပါဘူး။ သူတို့ သုံးကောင်ဟာ (၄၈) နာရီလောက် အဲသည် ရေတွင်းပျက်ထဲမှာ အတူရှိနေခဲ့ပြီး မြွေဟောက်ကြီးဟာ ခွေးလေးတွေရဲ့ ဘေးမှာ ငြိမ်ငြိမ်လေးပဲရှိနေခဲ့ပါသတဲ့။ သစ်တောဌာနကရောက်လာတဲ့အချိန်မှာတော့ မြွေကြီး ဟာ ရေတွင်းရဲ့အခြားတဘက်ကိုသွားနေလိုက်ပါတယ်။ ခွေးကလေးတွေဟာ ဘာဒဏ်ရာအနာတရမှမရှိခဲ့သလို မြွေကြီးကိုလည်း တောထဲကိုပြန်လွှတ်ပေးလိုက်ကြပါတယ်။ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးနဲ့  အန္တရာယ်အရှိဆုံးလို့  ဆိုတဲ့ သတ္တ၀ါပင်ဖြစ်သော်ငြားလည်း ဘေးဒုက္ခရောက်တဲ့ အခါ တဦးနဲ့ တဦး အပြန်အလှန်လေးစားသမူနဲ့  အတူ ယဉ်တွဲနေထိုင်နိုင်ခြင်းဟာ ... လူသားတွေအတုယူစရာ ဖြစ်ကြောင်းပါတဲ့ .........။ လှိုင်ဘွား ဆီလျှော်အောင်ပြန်ဆိုသည်။ Source: Planet Earth မူရင်းလင့်ခ် https://www.facebook.com/ibloggermm | |
|
Total comments: 0 | |