Main »
2014 » February » 8 » (၁) အတွေ့အကြုံက ရသော အသိ
7:50 PM (၁) အတွေ့အကြုံက ရသော အသိ |
ခြင်္သေရယ် ၊မြည်းရယ် ၊မြေခွေးရယ် မိတ်ဆွေဖြစ်ကြပြီး အစာရှာထွက်ခဲ့ကြသတဲ့ ။
အမဲတစ်ကောင်ကိုရတဲ့အခါ ခြင်္သေ့က မြည်းကို ဝေစုခွဲဖို့ပြောတယ် ။
မြည်းဟာ အမဲကောင်ကို သုံးပုံ အညီအမျှ ခွဲလိုက်တယ် ။
ပြီးတော့မှ ခြင်္သေ့ ကို တစ်ပုံယူစေလိုက်တယ် ။
ခြင်္သေ့ဟာ မြည်းကိုစိတ်ဆိုးသွားပြီး ကိုက်စားပစ်လိုက်ပါရော။
နောက်မြေခွေးကို ခွဲခိုင်းပြန်တယ် ။
မြေခွေးဟာ ဝေစုအားလုံးကို တစ်ပုံတည်း ပုံလိုက်တယ် ။
သူ့အတွက် အကြွင်းအကျန်နည်းနည်းပဲ ချန်ထားတာပေါ့ ။ပြီးတော့မှ
ခြင်္သေ့ကို ယူစေလိုက်တယ် ။ခြင်္သေ့က သဘောကျသွားတာပေါ့ ။
ခြင်္သေ့က သည်လိုဝေစုခွဲပုံကို ဘယ်သူ သင်ပေးတာလဲ လို့ မြေခွေးကို
မေးလိုက်တာပေါ့ ။
" မြည်းရဲ့ အဖြစ်ကို ကြည့်ပြီး သိတာပါ " လို့မြေခွေးကပြောလိုက်တယ် ။
(အခြားသူတွေ ဘေးဒုက္ခတွေ့ပုံကို ကြည့်ပြီး ကိုယ်က သင်ခန်းစာယူတတ်ရတယ်။ )
|
Category: ပုံပြင်များ |
Views: 159 |
Added by: မျိုးကျော်သူ
| Tags: story
| Rating: 0.0/0 |